စစ်ရှောင်ရင်း တောတောင်ထဲနေထိုင်ရလို့ မြွေကိုက်ခံရမှု မကြာခဏဖြစ်နေတာလို့ဆို

စစ်ရှောင်ရင်း တောတောင်ထဲနေထိုင်ရလို့ မြွေကိုက်ခံရမှု မကြာခဏဖြစ်နေတာလို့ဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက စစ်ရှောင်တွေ​ နေ့စဥ်ဆိုသလို မြွေကိုက်ခံရတာဟာ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ စစ်ရှောင်ရင်း တောတောင်ထဲနေထိုင်ရလို့ ဖြစ်တယ်လို့  ဦးဂျောင်ဒီအွန် ကဆိုပါတယ်။

ဦးဂျောင်ဒီအွန်ဟာ ကန့်ဘလူနယ်ထဲက စစ်ရှောင်တွေရဲ့ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးနေတဲ့သူဖြစ်ပြီး အာဏာမသိမ်းခင်ကလည်း မြွေကိုက်ခံမှုဖြစ်စဥ်တွေရှိခဲ့ပေမယ့် အခုလောက်များပြားတာမျိုး မရှိဘူးလို့ ပြောပါတယ်။

"မြွေကိုက်ခံရမှုမြင့်တက်လာတာက  အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲလို့ ပြောရမယ်။ အရင်ကရွာတွေမှာပဲ လူတွေက နေကြတာ။ ခုတော့တွေတောင်တွေထဲမှာ လူတွေက အကုန်ရောက်နေတာ။ လူတွေကနေစရာကျဥ်းသွားပြီး မြွေရှိတဲ့နေရာကို ရောက်နေတာ။ ဒါကြောင့်မြွေကိုက်ခံရတဲ့ ဦးရေတိုးလာတာ" လို့ ဦးဂျောင်ဒီအွန် က ပြောပါတယ်။

စစ်ရှောင်တွေဟာ ဝမ်းရေးအတွက် ရှာဖွေစားသောက်နေရတာတွေလည်း ရှိတဲ့အတွက် မြွေကိုက်ခံရသူဦးရေ ဆက်လက် မြင့်တက်လာနိုင်သေးတယ်လို့ သူက ဆက်ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာ ကျွန်းလှတက်ကြွလူပ်ရှားသူများအဖွဲ့ရဲ့ ကောက်ယူရရှိတဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်လယ်ကနေ ယခုနှစ် ၂၀၂၃ ခုနှစ်၊ ဇွန် ၂၀ ရက်အထိ မြွေကိုက်ခံရသူ ၈၀ ဦးရှိတယ်လို့ အဖွဲ့တာဝန်ရှိသူက အတည်ပြု ပြောဆိုပါတယ်။

အဲဒီ ၈၀ ဦးထဲမှာ အခုနှစ်ဇွန်လ ၁ ရက်ကနေ ၂၀ ရက်အတွင်း မြွေကိုက်ခံရတဲ့ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၅ ဦးပေါင်း ၁၁ ဦးရှိပြီး စစ်ရှောင်ကာလ ၁ နှစ်ကျော်အတွင်း စစ်ရှောင်တွေမြွေကိုက်ခံရမှု အမြင့်ဆုံးလ ဖြစ်တယ်လို့ ဆိုပါတယ်။

မြွေကိုက်ခံရသူ ၈၀ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကျန်းမာရေးဌာနက ကုသပေးခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဇွန်လ ၂၀ ရက်က အမျိုးသား ၁ ဦး၊ ဇွန်လ ၁၉ ရက်က အမျိုးသား ၁ ဦး၊ ဇွန်လ ၁၈ ရက်က အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးပေါင်း ၄ ဦးကိုမြွေဆိပ်ဖြေဆေးထိုးကာ ကုသပေးနေပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။

 

ပုံစာ - ဇွန်လ ၁၈ ရက်ကမြွေကိုက်ခံရတဲ့အမျိုးသမီး

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ရှောင် #မကြာခဏ #မြွေကိုက်ခံရ #မြွေဆိပ်ဖြေဆေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10