စစ်ရှောင်ရွာက ပစ္စည်းတွေယူနေတဲ့ စစ်တပ်ကို တိုက်ခိုက်၊ သေနတ်နဲ့ ခိုးရာပါပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့

စစ်ရှောင်ရွာက ပစ္စည်းတွေယူနေတဲ့ စစ်တပ်ကို တိုက်ခိုက်၊ သေနတ်နဲ့ ခိုးရာပါပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက စစ်ရှောင်ကျေးရွာတရွာကို ဝင်ရောက်ကာ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူနေတဲ့စစ်သားတွေကို သြဂုတ်လ ၂၉ ရက် မနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ချိုမိုင်မိုင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။ 

ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာနဲ့ ပန်းထိမ်ပြင်ရွာမှာတပ်စွဲထားတဲ့ စစ်ကြောင်းကနေ ခွဲထွက်လာပြီး အင်းဖျားရွာက ပြည်သူ့ပစ္စည်းတွေကို ခိုးယူနေချိန် တိုက်ခိုက်ရာမှာ MA 11 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ဖုန်း ၃ လုံး၊ ငွေသား ၂ သိန်းကျော်နဲ့ အခြားစစ်သုံးပစ္စည်းအချို့ သိမ်းဆည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

"အင်းဖျားရွာက ချမ်းသာတဲ့အိမ်တွေကို တအိမ်တက်ဆင်းပစ္စည်းတွေ ခိုးယူနေတာကို ကျနော်တို့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာမှာ စစ်**တွေ **ပြေး ပြေးရင်း ပစ္စည်းတွေကျန်ခဲ့တာ" လို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုမှ ရဲဘော်မောင်တူး က ပြောပါတယ်။ 

တိုက်ခိုက်ခံရလို့ စစ်သား ၇ ဦးလောက်သေပြီး ကျောက်မှော်ရွာဘက်ကို ပြန်ဆုတ်ခွာရာ ကျောက်စစ်ပုံ အမြောက်တပ်နဲ့ အောင်ဇေယျကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ရှောင်ပြည်သူ ၁ ဦး ကျန်ရစ်ခဲ့တဲ့ ဆိုင်ကယ် ၁ စီးကို ပြန်လည်ယူဆောင်ခဲ့ပြီး ပိုင်ရှင်ကို ပြန်လည်ဆက်သွယ် ပေးအပ်မယ်လို့လည်း ပြောပါတယ်။

နေ့လယ် ၃ နာရီလောက်မှာတော့ ကျောက်မှော်နဲ့ပန်းထိမ်ပြင်ရွာက စစ်သားတွေဟာ အဲဒီ ၂ ရွာအပြင် သံပုရာပင်ရိုးရွာနဲ့ အင်းဖျားရွာက အိမ်အချို့ကိုပါ မီးရှို့ခဲ့ပေမယ့် ရွာထဲမှာ စစ်တပ်က ကင်းပုန်းတွေရှိတာကြောင့် ပျက်စီးမှုအခြေအနေကို မသိရဘူးလို့ ဆိုပါတယ်။

အဲဒီစစ်တပ်ဟာ ကျောက်မှော်နဲ့ ပန်းထိမ်ပြင်ရွာကို  သြဂုတ်လ ၆ ရက်ကနေ စတင်တပ်စွဲထားတာဖြစ်လို့ ကျောက်မှော်ရွာနဲ့ ပန်းထိမ်ပြင်ရွာအပြင် စည်သူရွာ၊ သံဘိုရွာ၊ သံပုရာပင်ရိုးရွာ၊ အင်းဖျားရွာ၊ အင်းပတ်ရွာ၊ ကျွန်းပေါ်ရွာ၊ ကျောက်ကုန်းရွာစတဲ့ ကျေးရွာက လူဦးရေ ၁ သောင်းခွဲလောက်လည်း စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

 စစ်တပ်ဟာ ကျောက်မှော်ရွာနဲ့ ပန်းထိမ်ပြင်ရွာမှာ တပ်စွဲထားတာဖြစ်ပြီး ကုန်းကြောင်း၊ ရေကြောင်းကနေ ဝင်ရောက်လာတာဖြစ်လို့ ဘယ်တပ်ကဆိုတာ သေချာမသိရပဲ လက်ရှိမှာ စစ်တပ်ဟာ ဆက်လက်တပ်စွဲနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ချိုမိုင်မိုင်တော်လှန်ရေးအင်အားစု (ULF မဟာမိတ်တပ်ပေါင်းစု, Comrade Colum) မဟာမိတ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက် ညနေကလည်း ကနီမြို့နယ်၊ နွားခြံကုန်းရွာမှာ ညအိပ်တပ်စွဲတဲ့ စစ်အုပ်စု အင်အား ၁၀၀ လောက်ကို ULF (မဟာမိတ်တပ်ပေါင်းစု) က ပွိုင့် ၄ ပွိုင့် ခွဲကာ အနီးကပ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြပါသေးတယ်။

ပုံစာ - သိမ်းဆည်းရမိသည့်သေနတ်နဲ့ဆက်စပ်ပစ္စည်းများ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #စစ်ကောင်စီ #ပစ်ခတ်တိုက်ခိုက်မှု #ချိုမိုင်မိုင်တော်လှန်ရေးအင်အားစု #လက်နက်ပစ္စည်းသိမ်းဆည်းရမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10