သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာအနီး စစ်ရှောင်စခန်းကို စီးနင်းကာ စစ်ရှောင်ပြည်သူ ၁၈ ဦးကို ဖမ်းဆီးခေါ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပေါက်တောင်ပိုင်းအခြေစိုက်၊ Y.R.F ပ.က.ဖ အဖွဲ့ဆီက သိရပါတယ်။
စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းထားတဲ့အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၈ ရက် မနက် ၅ နာရီခန့်မှာ စစ်ရှောင်စခန်းကို စီးနင်းဖမ်းဆီးပြီးပြန်လာချိန် မနက် ၉ နာရီခန့်မှာ ဒီးဒုတ်ကွင်းရွာအနီးမှာပဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပြီး ၎င်းစစ်ကြောင်းထံမှ MA-3 သေနတ် ၁ လက်၊ BA 63 (G-3)သေနတ် ၁ လက် ၊ AK သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဆန်မျိုးစုံအများအပြားနဲ့ အခြားဆက်စပ်ပစ္စည်း အချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ Y.R.F ပ.က.ဖ တပ်ရင်းမှူး ဗိုလ်နားပေါက်က ပြောပါတယ်။
တိုက်ပွဲတွေအတွင်း အထိနာတဲ့ စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်တိုက်ပွဲအတွင်း ပေါက်မြို့နယ်ပကဖ ရဲဘော် ၁ ဦးနဲ့ ပခုက္ကူခရိုင်တပ်ရင်း ၁၂ မှ ရဲဘော် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ စစ်ရှောင်စခန်းကို ဝင်ရောက်စီးနင်းစဉ်မှာ စစ်ရှောင်နေအိမ် ၇ လုံးနဲ့ဆေးခန်း ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရှောင် ၂ ဦးဖြစ်တဲ့ ဦးဌေးအောင်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ဦးသန်းစိန်ကိုလည်း နေအိမ်ထဲ ပိတ်လှောင်ကာမီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်စခန်းမှ ဘုန်းကြီး ၁ ပါး၊ ဆေးဆရာမ ဒေါ်သီတာထွေး၊ စေတနာ့ဝန်ထမ်းကျောင်းဆရာ ကိုငြိမ်းချမ်းအောင်၊ စစ်ရှောင်တွေဖြစ်တဲ့ ဦးမိုး၊ ဦးမိုးညို၊ ကိုမိုးဒီ၊ ကိုဖိုးချော၊ ဦးလှညို ၊ ကိုငဦး၊ မဇင်မာဦး ၊ ဦးသန်းမြိုင်၊ ဦးစိုးဝင်း၊ ဦးမောင်အေး ၊ ဦးတင်မောင်ဆွေ၊ ကိုရဲလင်းနိုင်နဲ့ အမည်စိစစ်ဆဲ ၃ ဦး စုစုပေါင်း ၁၈ ဦးကို ဖမ်းဆီးသွားခဲ့ပြီး ဘုန်းကြီးကားအပါ ကား ၂ စီးနဲ့ အခြားပစ္စည်းတွေကိုလည်း သိမ်းယူသွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးသွားသူတွေထဲက ဘုန်းကြီး၊ ဒေါ်သီတာထွေးနဲ့ စေတနာ့ဝန်ထမ်းကျောင်းဆရာ ကိုငြိမ်းချမ်းအောင်တို့ ၃ ဦးကို စစ်ကောင်စီတပ်ကပစ်သတ်ခဲ့ကာ ၃ ရက်အကြာ နိုဝင်ဘာ ၁ ရက်မှာ ရုပ်အလောင်းပြန်တွေ့ ခဲ့ရပြီး ကျန် ၁၅ ဦးကို ဒီးဒုတ်ကွင်းရွာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့အထိ ပြန်လွတ်မလာသေးဘူးလို့ သိရပါတယ်။
စစ်ကြောင်းကြားဖြတ်တိုက်ခိုက်မှုကို ပေါက်တောင်ပိုင်းအခြေစိုက် Y.R.F ပ.က.ဖ ဗိုလ်နားပေါက် ဦးစီးပြီး ပခုက္ကူခရိုင် တပ်ရင်း ၅၊ တပ်ရင်း ၁၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
စာတည်း - ဟိန်းစံ၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ပေါက် #စစ်ရှောင်ဖမ်းဆီး #စစ်ကြောင်း #တိုက်ခိုက်ခံရ #နှစ်ဖက်ထိခိုက် #တိုက်ပွဲ
Share Share Share