စစ်သားနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ အလယ်ကျွန်းရွာကို ဗုံးသီးချတိုက်ခိုက်

စစ်သားနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ အလယ်ကျွန်းရွာကို ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလည်ကျွန်းရွာကို ဇူလိုင် ၁၉ ရက်မနေ့က အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာကသတင်းထုတ်ပြန်ထားပါတယ်။

ကနီမြို့နယ်က စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၁၀၀ ကျော်နေထိုင်တဲ့ အလယ်ကျွန်းရွာကို မနက် ၁၁ နာရီလောက်မှာ ဗုံးသီး ၃ လုံးချကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့(စစ်အုပ်စု)ကင်းပုန်းဝပ်တဲ့နေရာကို တလုံးကျပါတယ်။ တလုံးက လက်နက်ဂိုဒေါင်ကိုချပေမယ့် တည့်တည့်မကျပဲလွဲသွားတယ်။ နောက်တလုံးက ရွာထဲကျတာပါ။  စုစုပေါင်း ၃ လုံးချခဲ့တာပါ။ ကျနော်တို့တိုက်ခိုက်လို့ ၆၀ မမ ၅ လုံးရယ်၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပေမယ့် ကျနော်တို့အန္တရာယ်ကင်းပါတယ်"လို့ ကျောက်လုံးကြီးတပ်မဟာရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအေဒီက ပြောပါတယ်။ 

တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးပျက်စီးမှုကို မသိရဘူးလို့လည်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် အလယ်ကျွန်းရွာက စစ်အုပ်စုလှုပ်ရှားခွင့်မရအောင် ရွာရဲ့ထွက်ပေါက်တပေါက်ကလွဲပြီး ရွာတပတ်လည်ကို မိုင်းရာနဲ့ချီထောင်ထားတယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG PDF ကျောက်လုံးကြီးအဖွဲ့နဲ့အတူ Northern Tigers Group Sagaing Region အဖွဲ့တို့ပေါင်းကာ Shar Htoo Waw Dron နည်းပညာ (မောင်းသူမဲ့လေယာဉ်)ကိုအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၈ ရက် မနက်ကလည်း ကနီမြို့နယ်၊ အလယ်ကျွန်းရွာကိုပဲ ယင်းမာပင်ခရိုင်တပ်ရင်း ၂၁၊ ၂၂၊ ၂၃ (KLG PDFကျောက်လုံးကြီး) အဖွဲ့က  Shar Htoo Waw Dron နည်းပညာ(မောင်းသူမဲ့လေယာဉ်) ကို အသုံးပြုပီး 1Kg ဗုံးသီး ၇ လုံးနဲ့ ဗုံးချတိုက်ခိုက်ခဲ့ကြပါသေးတယ်။

ဓါတ်ပုံ - ဇူလိုင် ၁၉ ရက်မှာ ကျောက်လုံးကြီးတပ်မဟာက အလယ်ကျွန်းရွာကို တိုက်ခိုက်မှုမြင်ကွင်း။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကနီ #အလယ်ကျွန်း #စစ်ကောင်စီ #ပျူစောထီး #ဒရုန်း #KLGPDF #တိုက်ခိုက်မှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10