စစ်အာဏာရှင်ကို ဆန္ဒပြရင်း တော်လှန်သံချပ်တွေနဲ့ ပြည်သူကိုဖျော်ဖြေ (Photo News)

စစ်အာဏာရှင်ကို ဆန္ဒပြရင်း တော်လှန်သံချပ်တွေနဲ့ ပြည်သူကိုဖျော်ဖြေ (Photo News)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဧပြီလ ၁၄ ရက် ဒီကနေ့သင်္ကြန်အကျနေ့မနက် ၉ နာရီလောက်မှာ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ပြုလုပ်ရင်း တော်လှန်သံချပ်တွေနဲ့ ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။



"စစ်တပ်စီးပွား ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ" စာတန်းနဲ့အတူ ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းရဲ့ ၇၆၄ ရက်မြောက်နေ့အဖြစ် ပြုလုပ်ခဲ့ရာ မြို့နယ်တွင်းက သပိတ်အင်အားစုတွေက လာရောက်ပူးပေါင်းခဲ့တယ်လို့ သပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။






ဆန္ဒပြအဖွဲ့နဲ့အတူ ရွာပေါင်းစုံသံချပ်အဖွဲ့၊ ရွှေရေကြည်သံချပ်အဖွဲ့နဲ့ ကယ်တင်ရှင်မရှာ တို့ကျေးရွာ သံချပ်အဖွဲ့တို့က တော်လှန်သံချပ်တွေနဲ့ ဖျော်ဖြေပြီး၊ ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုက တော်လှန်သီချင်းနဲ့ ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10