စစ်အုပ်ချုပ်ရေးဒေသ ပေါင်းတည်မြို့မှာ သတင်းပေးလို့ကျော်ဇောသူ ‌၂ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

စစ်အုပ်ချုပ်ရေးဒေသ ပေါင်းတည်မြို့မှာ သတင်းပေးလို့ကျော်ဇောသူ ‌၂ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါင်းတည်မြို့နယ်မှာ ဩဂုတ်လ ၁၀ ရက် ဒီကနေ့မနက်က စစ်ကောင်စီသတင်းပေးလို့ ကျော်ဇောသူ ၂ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - PPDF က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြိုနယ်၊ ကံငယ်ရွာအုပ်စု၊ သာကဒိုးကွေ့ရွာက အသက် ၄၅ နှစ်အရွယ်ဝန်းကျင် ကိုကျော်သူအောင်နဲ့တပည့်ဖြစ်သူတို့ကို ဒီမနက် ၁၁ နာရီခွဲလောက်မှာ ရန်ကုန် - ပြည်လမ်းဘေး နတ်ပုတီးရွာ (နတ်ပုတီး - တောင်ပို့လှလမ်းထိပ်)အနီး ကုန်စုံဆိုင်မှာပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“ကျော်သူအောင်ကိုပစ်တဲ့အချိန်မှာ သန်းတိုးအောင်က နောက်ကနေရန်ပြုလို့ ပစ်ခတ်ခဲ့ရတာပါ ၂ ဦးစလုံး ဦးခေါင်းတွေကိုပဲမှန်ပြီး ပွဲချင်းပြီးသေကုန်တာ" လို့ PPDFရဲ့ သတင်းထောက်လှမ်းရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီစစ်သားနဲ့ရဲ ၂၀ ဦးဝန်းကျင်ရောက်လာပြီး အလောင်းတွေကိုတော့ ပေါင်းတည်ဆေးရုံရင်ခွဲရုံကို ပရဟိတအသင်းကားနဲ့ သယ်သွားတယ်လို့ဒေသခံတဦးက ဆိုပါတယ်။

ကိုကျော်သူအောင်ဟာ ပေါင်းတည်မြို့နယ်အတွင်း ဆိုင်ကယ်တွေဖမ်းဆီးရာမှာလည်း စစ်ယူနီဖောင်းဝတ်ကာ လိုက်ပါသူဖြစ်ပြီး ကျေးရွာအတွင်းကပြည်သူတွေကို ဒုက္ခပေးသူဖြစ်သလို တော်လှန်ရေးအင်အားစုတွေကိုဖမ်းဆီးရန် သတင်းထောက်လှမ်းပေးသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၅ နွေဦးမောင်မြို့ပြပြောက်ကျားတပ်ဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မင်းအောင်လိူင်မွေးနေ့ကျရောက်တဲ့ ဇူလိုင် ၃ ရက်မနက်ကလည်း အဲ့ဒီကြူတောကန်အုပ်စု ရန်ကုန်- ပြည်လမ်းပေါ်က ပေါင်းတည်မြို့အဝင်ဆိုင်းဘုတ်မှာ ဘန်နာချိတ်ပြီး ဗုံးတလုံးဖောက်ခွဲခဲ့ပါသေးတယ်။ 

ပဲခူးအနောက်ခြမ်းမှာ အာဏာသိမ်း ၂ နှစ်ပြည့်တဲ့ ယခုနှစ်ဖေဖော်ဝါရီလ ၂ ရက်ကစလို့ ပေါင်းတည်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါက်ခေါင်း စတဲ့ မြို့နယ် ၄ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #တပ်သတင်းပေး #ပစ်ခတ်ခံရ #စစ်အုပ်ချုပ်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10