စစ်အုပ်ချုပ်ရေးဒေသ အုတ်ဖိုမှာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

စစ်အုပ်ချုပ်ရေးဒေသ အုတ်ဖိုမှာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ သြဂုတ်လ ၃၁ ရက် ဒီမနက်က စစ်ကောင်စီ ဗိုလ်ကြီးတင်မျိုးအောင် ကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်ကြီးတင်မျိုးအောင်ကို အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ ဒီမနက် ၁၀ နာရီခွဲလောက်က အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းပြန်လာချိန် သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။   


"အုတ်ဖိုမြို့ကနေ အေးမြသာယာမြို့သစ်ကို တယောက်ထဲပြန်လာတာကို စောင့်ပြီး သေနတ်နဲ့ ၈ ချက်ပစ်သတ်ခဲ့တာပါ။ သူက အုတ်ဖို တိမ်မြုပ်တပ်က ပြန်တမ်းဝင် စစ်**ဗိုလ်ပါ" လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုရဲ့တာဝန်ခံ က ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ဗိုလ်ကြီးတင်မျိုးအောင်ဆီက MA3 မောင်းပြန်သေနတ်တလက်၊ လက်ကိုင်ဖုန်း ၁ လုံး၊ ပိုက်ဆံအိတ် ၁ ခု မှတ်ပုံတင်နဲ့ ပြန်တမ်းဝင်အရာရှိကဒ်တခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာနယ် ရဲစခန်းအနီးမှာ ပျူစောထီးလို့ သတင်းထွက်နေတဲ့ ကိုငသောင်းလေးကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ရှင်းလင်းခဲ့ ပါသေးတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ အုတ်ဖိုမြို့နယ်အပါအဝင် နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေကို စစ်ကောင်စီက အခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာထားတာလည်း ဖြစ်ပါတယ်။

ပုံစာ - ဗိုလ်ကြီးတင်မျိုးအောင်နှင့် သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းအချို့။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #အုတ်ဖို #သာယာဝတီခရိုင် #စစ်ကောင်စီ #ပစ်ခတ်တိုက်ခိုက် #MA#စစ်အုပ်ချုပ်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10