စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်လိုက်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်လိုက်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆာလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း မော်တော်နဲ့ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ စက်တင်ဘာ ၁၀ ရက် မနေ့ ညနေ ၆ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ ဖောင်းကတာကျေးရွာက အသက် ၆၃ နှစ် ဒေါ်တင်ဆန်းဟာ ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးကတော့ ထိမှန်ဒဏ်ရာရ သွားတယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးပစ်တဲ့ အလုံးရေက တော်တော်များတယ်။ အရင်က လက်နက်ကြီးတွေပစ်ရင် ချောင်းဘေးတွေ လောက်ပဲကျတာ။ အခုက ရွာတွေထဲအထိ ကျတယ်။ ဒဏ်ရာရသွားတဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရပါဘူး” လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့ ဒေါ်တင်ဆန်းရဲ့ ရုပ်အလောင်းကို မိသားစုတွေက ဒီနေ့မှာ သင်္ဂြိုဟ်ပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့က တော့ မုံရွာဘက်ကို ရောက်ရှိသွားပြီးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဟာ ဖားကတာကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #ဖောင်းကတာကျေးရွာ #ချင်းတွင်းမြစ် #စစ်ကောင်စီ #လက်နက်ကြီး #ပစ်ခတ် #အရပ်သား #သေဆုံး #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10