စစ်အုပ်စုစွန့်ခွာသွားတဲ့ တောင်ခင်ရန်းရဲစခန်းထဲက မြေမြှုပ်မိုင်း ၁၀ လုံး တူးဖော်ရရှိ

စစ်အုပ်စုစွန့်ခွာသွားတဲ့ တောင်ခင်ရန်းရဲစခန်းထဲက မြေမြှုပ်မိုင်း ၁၀ လုံး တူးဖော်ရရှိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်အုပ်စုစွန့်ခွာသွားတဲ့ တောင်ခင်ရန်းရဲစခန်းကို ရှင်းလင်းရေးလုပ်ဆောင်ရာမှ နင်းမိုင်း ၁၀ လုံးကျော်တွေ့ရှိခဲ့တယ်လို့   ABSDF Column - 3 တာဝန်ရှိသူဆီက သိရပါတယ်။

အဲ့ဒီရဲစခန်းကို နိုဝင်ဘာ ၄ ရက်က စတင်ကာ ABSDF တပ်ဖွဲ့မှ မိုင်းကျွမ်းကျင်သူတွေနဲ့  မဟာမိတ်တွေပေါင်းကာ ရှင်းလင်းရေးလုပ်ဆောင်နေတာလို့ ဆိုပါတယ်။ 

" နယ်မြေရှင်းလင်းရေး လုပ်တဲ့နေ့ကစပြီး မနေ့ကအထိ ရှင်းခဲ့တာပါ၊ မိုင်း ၁၀ လုံးကျော်ရထားပါပြီ " လို့ ABSDF Column - 3 ကသတင်းပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က မြေလတ်အသံကို ပြောပါတယ်။

နိုဝင်ဘာ ၆ ရက် ဒီကနေ့မနက်ပိုင်းအချိန်အထိ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းတွေ လှုပ်ရှားမှုမရှိဘဲ ခံစစ်ကိုသာ အဓိကထားပြင်နေတယ်လို့ သူကဆက်ပြောပါတယ်။

ABSDFက ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ မှတ်တမ်းဓာတ်ပုံတွေမှာလည်း မိုင်းကျွမ်းကျင်သူတွေက မိုင်းတွေရှာဖွေတူးဖော်နေတာကိုလည်း တွေ့ရပါတယ်။

နိုဝင်ဘာ ၃ ရက်မနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို ဂန့်ဂေါခရိုင် PDF အမှတ်(၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊၁၉) တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နဲ့ နယ်မြေခံပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်မှုအပြီး အဲ့ဒီနေ့ ညနေပိုင်းမှာပဲ တောင်ခင်ရန်းရဲစခန်းက စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ စခန်းစွန့်ခွာပြီး ပျူစောထီးတွေရှိနေတဲ့ မြောက်ခင်ရန်းရွာက ထွက်ပြေးသွားကြတာဖြစ်ပါတယ်။

ပုံစာ - တောင်ခင်ရန်းရဲစခန်းထဲကမိုင်းတွေကို ရှာဖွေမှုမြင်ကွင်း။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #တောင်ခင်ရန်းရဲစခန်း #စွန့်ခွာထွက်ပြေး #နယ်မြေရှင်းလင်းရေး #မြေမြှုပ်မိုင်း #တူးဖော်ရရှိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10