စစ်အုပ်စုတပ်စွဲထားတဲ့ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦး ဒဏ်ရာရ

စစ်အုပ်စုတပ်စွဲထားတဲ့ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦး ဒဏ်ရာရ

 

စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၂၀ ရက် မနေ့ညက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ လင်းယုန်နီကန့်ဘလူတပ်ဖွဲ့ဆီက သိရပါတယ်။ 

စစ်ကောင်စီအင်အား ၂၀ ဦးလောက်နဲ့ စခန်းချထားတဲ့ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ် အုပ်ချုပ်ရေးမှူးရုံးကို မနေ့ညဦးပိုင်းက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မူလက ထွေအုပ်ရုံးကို ခွဲဖို့။ အပြင်မှာကလည်း လူမရှိဘူး။ အဲဒါနဲ့ လက်ပစ်ဗုံးနဲ့ ရုံးဝန်းထဲကို ပစ်လိုက်တော့မှ ထွက်လိုက်လာတာ။ ကျနော်တို့ ပွိုင့်နားကို ရောက်လာတယ်။ ကျနော်တို့က ဆိုင်ကယ်မှာ ဆင်ထားတဲ့ ရှေ့ထွက်မိုင်းနဲ့ ခွဲခဲ့တာ။ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်တယ်" လို့ လင်းယုန်နီတပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဥ်တွေမှာ ပါဝင်ပတ်သက်မှု မပြုလုပ်ကြဖို့နဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးမှာ ပါဝင်ပတ်သက်တဲ့ မည့်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအင်အား အများအပြားရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်ညကလည်း သူတို့အဖွဲ့ဟာ အခြားမဟာမိတ်တွေနဲ့ပေါင်းပြီး ကန့်ဘလူမြို့နယ်၊ ထန်းကုန်းအုပ်စု၊ ယောကျေးရွာက စစ်ကောင်စီနဲ့ ပျူစောထီးတွေနေတဲ့ အထိုင်စခန်းကို ၆၀ မမ ၈ လုံး ပစ်ခဲ့ပြီး ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10