သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာမှာတပ်စွဲနေတဲ့ စစ်သားနဲ့ပျူစောထီးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ရွာချင်းကပ် ကြာပိုင်ကျေးရွာကို ကျရောက်ခဲ့တာကြောင့် ရွာခံအမျိုသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။
အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ သြဂုတ် ၁၃ ရက် မနေ့ ညနေ ၆ နာရီလောက်မှာ ၆၀ မမ နဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ကြာပိုင်ကျေးရွာက အသက် ၄၀ အရွယ် အမျိုးသားနဲ့ ၃၂ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“လက်နက်ကြီးနဲ့ သုံးလုံးပစ်တယ်။ ရွာအရှေ့မှာ ၂ လုံးကျတယ်။ ရွာထဲမှာ ၁ လုံးကျတယ်။ လက်နက်ကြီးကြောင့် သေသွားတဲ့သူတွေကို မနေ့ညကတည်းက သင်္ဂြိုဟ်ပေးလိုက်တယ်။”လို့ မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်က ပြောပါတယ်။
ကြာပိုင်ကျေးရွာအနီးမှာ မနေ့က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တောပုရွာမှ ပျူစောထီးတွေ ထိတွေ့မှုဖြစ်ခဲ့ပြီးနောက်မှာ ခုလိုပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ဒီပစ်ခတ်မှုကြောင့် လူနေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးပြီး နွား ၂ ကောင်လည်း သေခဲ့ကာ ရွာသားတွေကတော့ တိမ်းရှောင်ခဲ့တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကလည်း မုံရွာမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေရေးဂိတ်ကနေ လက်နက်ကြီး ၆ လုံးနဲ့ မအူကျေးရွာထဲကို ပစ်ခတ်ခဲ့လို့ အဲဒီကျေးရွာက ပြည်သူ ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #၂ဦးသေဆုံး #သတင်း
Share Share Share