စစ်အုပ်စု ၄ ဖွဲ့ပေါင်း ဦးအောင်ဇေယျရွာတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ၆ ဦးအရှင်မိ

စစ်အုပ်စု ၄ ဖွဲ့ပေါင်း ဦးအောင်ဇေယျရွာတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ၆ ဦးအရှင်မိ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်(အထက်ပိုင်း) ဦးအောင်ဇေယျရွာက စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၁၀ ရက် မနေ့မနက် ၈ နာရီခွဲလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KuKi National Army-Burma ထုတ်ပြန်ချက်နဲ့ မြေပြင်ရဲဘော်တွေထံက သိရပါတယ်။

အဆိုပါစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး  ၄ ရက်ကြာတိုက်ခိုက်ပြီးနောက် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့ပြီး အရှင် ၆ ဦးဖမ်းမိကာ လက်နက်တချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“အခုချိန်ထိတော့ စစ်ရေးအခြေနေက တင်းမာနေတုန်းပါပဲ။ ထွက်ပြေးလွတ်မြောက်နေတဲ့သူတွေလည်း ရှိတယ်။ သူတို့ဘယ်အချိန်ပြန်ဝင်တိုက်မလဲဆိုတာ မသိသေးတော့ စစ်ရေးကတော့ တင်းမာနေတုန်းပါ ” လို့ မြေပြင်ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီစခန်းမှာ စစ်ကောင်စီတပ်သားတွေအပါအဝင် ပျူစောထီး၊ ရှမ်းနီတပ် (SNA)၊ United National Liberation Front(ကသည်း)စတဲ့ အဖွဲ့ ၄ ဖွဲ့ပေါင်း အထိုင်ချတဲ့တပ်စခန်းဖြစ်ကာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထွက်ပြေးလွတ်မြောက်နေတဲ့သူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

အောင်ဇေယျစခန်းသိမ်းတိုက်ပွဲမှာ Kuki National Army တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သလို အခြားတပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီအဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းတိုက်ပွဲကို NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် အမှတ်(၁)စစ်ဒေသရဲ့ ဦးဆောင်မှု ကနေ စစ်ဆင်ရေးလုပ်ဆောင်တာဖြစ်လို့ ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေနဲ့ သိမ်းဆည်းရမိလက်နက်ပစ္စည်းတွေရဲ့အခြေအနေကို အသေးစိတ်မသိရှိရဘူးလို့ အဲ့ဒီရဲဘော်က ပြောပါတယ်။

စခန်းသိမ်းပိုက်ခံရပြီးနောက် မနေ့မနက်ပိုင်းမှာ အောင်ဇေယျရွာတပ်စခန်းနဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #ဦးအောင်ဇေယျရွာ #စခန်းသိမ်းတိုက်ပွဲ #ဖမ်းဆီးရမိ #PDF #တိုက်ပွဲကျ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10