စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး သေနတ်နဲ့ကျည်တွေ သိမ်းဆည်းရမိ

စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး သေနတ်နဲ့ကျည်တွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို  အနီးကပ်တိုက်ခိုက်ခဲ့လို့  စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး သေနတ်တလက်နဲ့ ကျည်တွေရရှိကာ ပူးပေါင်းအဖွဲ့က ရဲဘော်တဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ Eagle Rreedom Fighter အဖွဲ့က ပြောပါတယ်။

မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသ ကျော်ရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဒီဇင်ဘာလ ၂၆ ရက် နေ့လယ် ၂ နာရီလောက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အဲဒီရွာမှာ စခန်းချထားတာကကြာပြီဗျာ။ ရွာထဲအင်အားအနေနဲ့က ခန့်မှန်းရခက်ပါတယ်။ အခုဟာ အပြင်ကို ထွက်လာတဲ့ အင်အား ၄၀ လောက်ကို စောင့်ပြီးတိုက်ခိုက်တာမှာ တိုက်ပွဲဖြစ်တာပါ။ ပေ ၂၀ ဝန်းကျင်လောက်ကနေ အနီးကပ်ကင်းပုန်းချပြီး စောင့်ဆိုင်းတိုက်ခိုက်တာပါ" လို့ Eagle Freedom Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ညနေ ၄ နာရီအထိ  ၂ နာရီကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး၊ ရဲ ၂ ဦး၊ ပျူစောထီး ၁ ဦးသေဆုံးကာ  စစ်ကောင်စီဆီက ပွိုင့် ၃၀ Kaliber (ကာဘိုင်) တလက်၊ ကျည်ဘောက်၂ ခု၊ ကျည်အတောင့် ၈၀ နဲ့ ဓားတလက် ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ရင်းဖြစ်တဲ့ မင်းကင်းတပ်ရင်း  ၅ က  ရဲဘော်တဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရသူနဲ့ပတ်သက်ပြီး အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် CDM ဆရာဝန်ရှိပြီး ဆေးဝါးခက်ခဲတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲမှာ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း GTF ၊ တပ်ခွဲ ၁ IRF ၊တပ်ခွဲ ၂  ယက္ခညီနောင်၊ တပ်ခွဲ ၅ Eagle Freedoom Fighter ၊ တပ်ခွဲ ၆ တိမ်ပျံ​ပျောက်ကြားတပ်ဖွဲ့  ၊ တပ်ခွဲ ၇  Eagle101 ၊  MKPDF 1,4,5 ၊  KPDF 2 ၊ တောင်တွင်းဗိုလ်ချုပ်သွေး ၊ တောင်တွင်းနဂါး ပ.က.ဖ အဖွဲ့ ၊ ရွှေသမင်မုဆိုးနဲ့ Local TD PDF တို့ ပူပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10