စဉ့်ကူးက စစ်ရှောင်တွေကို ရိက္ခာနဲ့ ထောက်ပံ့ငွေလှူဒါန်း

စဉ့်ကူးက စစ်ရှောင်တွေကို ရိက္ခာနဲ့ ထောက်ပံ့ငွေလှူဒါန်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကနေ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို စစ်ဘေးရှောင်ခဲ့ရသူတွေကို ဆန်၊ ဆီနဲ့ ငွေသားအချို့ အောက်တိုဘာ ၇ ရက်မှာ ထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ ဆီက သိရပါတယ်။ 

စစ်ဘေးရှောင် ၁၅၀ ဦးအတွက် ၂၄ ပြည်ဝင် ဆန် ၂ အိတ်၊ ဆီ ၁၀ ပိဿာနဲ့ သီးနှံတွေအပြင် နို့တိုက်မိခင်တွေအတွက်လည်း တပ်ဦးကို ကျပ် ၂ သောင်းအပါအဝင် စုစုပေါင်း ငွေကျပ် ၆ သိန်းကျော် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။ 

“ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။ တပ်ရင်းကလည်း မရှိရင် ပြည်သူ့ဆီအကူညီတောင်း  ပြည်သူ အကူညီတောင်းတော့ တပ်ရင်းက ပြန်ထောက်ပံ့” လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ မှ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

အခုတိမ်းရှောင်လာသူတွေရဲ့ ကျေးရွာဟာ ပျူစောထီးအများစုနေတဲ့ ကျေးရွာနဲ့ နီးပြီး လက်နက်ကြီးတွေနဲ့ အကြာခဏပစ်ခတ်တာကြောင့် အောက်တိုဘာ ၃ ရက်တည်းက ထွက်ပြေးလာခဲ့ရတာလို့ စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စဉ့်ကူး #စစ်ရှောင် #လှူဒါန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10