စဉ့်ကူးမြို့နယ်မှာ စစ်တပ်က နေအိမ် ၁၈ လုံးခန့်ကို မီးရှို့

စဉ့်ကူးမြို့နယ်မှာ စစ်တပ်က နေအိမ် ၁၈ လုံးခန့်ကို မီးရှို့

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ စဉ့်အိုးကျွန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ကာ ကျေးရွာက ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ Bo Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးဆီက သိရပါတယ်။

စဉ့်ကူးမြို့နယ်က အိမ်ခြေ ၂၅ အိမ်လောက်သာရှိတဲ့ စဉ့်အိုးကျွန်းရွာကို ရွာသာယာရွာက ပျူစောထီးတချို့ အပါအဝင် စစ်အုပ်စုအင်အား ၁၀ ဦးခန့်က အောက်တိုဘာ ၂ ရက် ဒီမနက် ၁၀ နာရီ ဝန်းကျင်လောက်က ဝင်ရောက်ကာ မော်တော် ၃ စီး၊ နွားတွေနဲ့ ပစ္စည်းတွေကိုယူပြီး နေအိမ် ၁၈ လုံးခန့်ကို မီးရှို့သွားတာလို့ ပြောပါတယ်။ 

အဲ့ဒီရွာဟာ ပျူစောထီးအားကောင်းတဲ့ ရွာသာယာရွာနဲ့  ၁ မိုင်ခန့်သာကွာပြီး အိမ်ခြေ  ၂၅ အိမ်လောက်သာရှိတယ်လို့ ဆိုပါတယ်။

“ဘာတော်လှန်ရေးအင်အားစုမှ မရှိဘဲ လာပြီးမီးရှို့ ပစ္စည်းယူပြီး ရွာသာယာရွာကိုပဲ ပြန်သွားတာပါ။ မီးရှို့ခံရတဲ့ရွာက ရွာသာယာရွာနဲ့ ၁ မိုင်လောက်ပဲဝေးတဲ့ ရွာငယ်လေးဆိုတော့ ထင်သလိုလုပ်သွားတာပါ" လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။ 

စဉ့်အိုးကျွန်းရွာဟာ ရွာသာယာရွာနဲ့နီးတာကြောင့် စစ်ကောင်စီတပ်ရဲ့ လူပ်ရှားမှုအပေါ် ကြည့်ကာ တိမ်းရှောင်နေရတာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၁ ရက် မနေ့ကလည်း စဉ့်ကူးမြို့နယ်၊ ရွာသာယာရွာကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ နဲ့ ဒေသခံပူးပေါင်းအဖွဲ့တွေက ဗုံးသီးအလုံးရေ ၄၀ ကျော်နဲ့တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ ပါသေးတယ်။

ပုံစာ - စစ်အုပ်စု မီးရှို့ခဲ့သည့် စဉ့်အိုးကျွန်းရွာ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူးမြို့နယ် #စဉ့်အိုးကျွန်း #စစ်ကာင်စီတပ် #မီးရိူ့ #ခိုးယူ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10