စနိုက်ဘာပစ် သင်တန်းဆင်းပွဲနဲ့အတူ ထူးချွန်ရဲဘော်တွေကို ဂုဏ်ပြုလက်ဆောင်ပေးအပ် (ရုပ်/သံ)

မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲက လုပ်တဲ့ အမှတ်စဉ် ၁ စနိုက်ဘာ ပစ်သင်တန်းဆင်းပွဲနဲ့အတူ ထူးချွန်တဲ့ သင်တန်းသား ၃ ဦးကို ဂုဏ်ပြုဆုငွေနဲ့ လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့  တပ်ခွဲပြန်ကြားရေးတာဝန်ခံ ရဲဘော် CA က  ပြောပါတယ်။

အဲဒီသင်တန်းဆင်းပွဲကို ဇွန်လ ၂၉ ရက်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တနေရာမှာ ပြုလုပ်ခဲ့တာပါ။

သင်တန်းကိုတော့ ဇွန်လ ၁ ရက်ကနေ  ၂၉ ရက်ထိ ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းသားရဲဘော် ၁၃ ဦး ပါဝင်တယ်လို့ ရဲဘော် CA က ဆိုပါတယ်။

သင်တန်းဟာ ကြမ်းတမ်းခက်ခဲတဲ့အတွက် ကြံ့ခိုင်မှုအားနည်းတဲ့ သင်တန်းသားရဲဘော်အချို့  ပြီးဆုံးအောင် တက်ရောက်နိုင်ခြင်းမရှိဘူးလို့လည်း  သူကဆက်ပြောပါတယ်။

သင်တန်းကာလတလျှောက်  သင်တန်းဆရာတွေက စောင့်ကြည့်အမှတ်ပေးခဲ့ပြီးမှ ထူးချွန်သူတွေကို ရွေးချယ်ခဲ့တာလို့ ပြောပါတယ်။

အဲဒီသင်တန်းကို တောင်ပိုင်းတိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးအဖွဲ့ (SOF)က တိုက်ခိုက်ရေးကျွမ်းကျင်သူတွေက သင်ကြားပေးခဲ့တာလို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10