စပါးထက်ဝက်ပေးနဲ့ မြေငှားရမ်းပြီး PDA တပ်ဖွဲ့ဝင်တွေ မိုးစပါးစိုက်ပျိုး

စပါးထက်ဝက်ပေးနဲ့ မြေငှားရမ်းပြီး PDA တပ်ဖွဲ့ဝင်တွေ မိုးစပါးစိုက်ပျိုး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေပြုလှုပ်ရှားနေတဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - PDA တပ်ဖွဲ့က မြေငှားရမ်းပြီး မိုးစပါးစိုက်ပျိုးပြီးစီးခဲ့တယ်လို့ သိရပါတယ်။

တပ်ဖွဲ့ရိက္ခာနဲ့စရိတ်သက်သာစေဖို့ မိုးစပါးစိုက်ပျိုးခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ဝိုင်းဝန်းကူညီစိုက်ပျိုးပေးမှုနဲ့ ဇူလိုင် ၃၀ ရက်မှာ စိုက်ပျိုးပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။

" တပ်ရိက္ခာချောင်လည်ဖို့ တနိုင်တပိုင် စိုက်ပျိုးရတာပါ။ မြေပိုင်မရှိတော့ တရာသီငှားရမ်းခပေးရတာပေါ့။ အခုနှစ်မှ စပါးစိုက်တာပါ" လို့ PDA တပ်ဖွဲ့ အမှတ် ၂ စစ်ဒေသမှူး ရဲဘော်မိုးကောင်း က ပြောပါတယ်။

ဧရာမင်းစပါးမျိုး ၂ ဧက စိုက်ပျိုးထားတာဖြစ်ပြီး တပ်ဖွဲ့ပိုင်မြေမရှိလို့ မြေငှားရမ်းစိုက်ပျိုးရကာ ငှားရမ်းခအဖြစ် စပါးအထွက်နှုန်းရဲ့ထက်ဝက်ပမာဏပေးချေရမှာဖြစ်တယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရာမှာလည်း ဒေသခံတောင်သူတွေရဲ့ နည်းပေးလမ်းညွှန်မှုနဲ့အတူ ပျိုးထောင်တာ၊ မြေပြင်တာ၊ ရေသွင်း၊ရေထုတ်တာတွေကို လုပ်ကိုင်ကြကာ ဒေသခံတွေကလည်း ပျိုးနှုတ်၊ကောက်စိုက်တာတွေအတွက် အခကြေးငွေမယူကြလို့ တပ်ဖွဲ့အနေနဲ့ စိုက်ပျိုးစရိတ် ၃ သိန်းကျပ်ခန့်သာ ကုန်ကျတယ်လို့ဆိုပါတယ်။

PDA တပ်ဖွဲ့ဝင် ရဲဘော်တွေဟာ ယခုနှစ်မှ စပါးစတင်စိုက်ပျိုးတာဖြစ်သလို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မကျွမ်းကျင်တဲ့အတွက် တောင်သူတွေရဲ့အကူအညီနဲ့ နောင်နှစ်တွေမှာတိုးချဲ့စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပေါက် #PDO #PDA #ရိက္ခာလိုအပ် #မိုးစပါး #မြေငှားရမ်းစိုက်ပျိုး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10