စလင်းက ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို PDF တွေ ဖမ်းဆီး

စလင်းက ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို PDF တွေ ဖမ်းဆီး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ခင်ပလူရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်း ဖြစ်သူကို ဖမ်းဆီးခဲ့တယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်းဆီက သိရပါတယ်။ 

ဖမ်းဆီးခံရသူဟာ ပျူစောထီးခေါင်းဆောင် အသက် ၅၀ အရွယ် ဦးလှမျိုးဝင်း (ခ) မောင်ဝင်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်နေ့လယ်ပိုင်းမှာ မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်းနဲ့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တို့က ခင်ပလူရွာထဲမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

"သူက အုပ်ချုပ်ရေးမှူးရော ပျူပါလုပ်တယ်။ ပြည်သူတွေကတိုင်ကြားလာလို့ စစ်ဆေးဖို့ သွားဖမ်းတာပါ” လို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း သတင်းတာဝန်ခံက ပြောပါတယ်။

ဦးလှမျိုးဝင်ဟာ ကျေးရွာနေပြည်သူတွေကို မတရားဖိနှိပ်အနိုင်ကျင့်တာ၊ တော်လှန်ရေးရဲဘော်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို စစ်ကောင်စီတပ်တွေဆီ သတင်းပေးတာ၊ ပြည်သူ့စစ်စုဆောင်းရာမှာလည်း တာဝန်ခံလုပ်ဆောင်ပေးနေတယ်လို့ တိုင်ကြားမှုတွေရှိတာကြောင့် ခုလိုဖမ်းဆီးခဲ့တာလို့ အထက်ပါသတင်းတာဝန်ခံ ဆက်ပြောပါတယ်။ 

လက်ရှိမှာ ဦးလှမျိုးဝင်းကို မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်းမှာ စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးချိန်အတွင်း ရွာထဲရှိပျူစောထီးအဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးရဲဘော်တွေ ပစ်ခတ်မှုရှိခဲ့ပေမယ့် ထိခိုက်သေဆုံးတာတွေတော့ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #စလင်း #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး #ပျူစောထီးခေါင်းဆောင် #ဖမ်းဆီး #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10