စလင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် အရိပ်ရပင် ၇၉ ပင်စိုက်ပျိုး

စလင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် အရိပ်ရပင် ၇၉ ပင်စိုက်ပျိုး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒေသခံ ပြည်သူများနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - စလင်း တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဇွန် ၁၉ ရက်က အရိပ်ရသစ် ပင်တွေ စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

"အပူဒဏ်ကို လျှော့ချဖို့ သစ်ပင်စိုက်ကြစို့ " ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတန်ဖိုးထားတတ်စေဖို့နဲ့ အပူဒဏ်လျော့ကျစေဖို့ ရည်ရွယ်ပြီး မွေးနေ့လက်ဆောင်အဖြစ် စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။

စိုက်ပျိုးထားတဲ့ သစ်ပင်အမျိုးအစားများမှာ တမာပင်၊ ရေတမာပင်၊ မယ်ဇလီပင်၊ ကုက္ကိုပင်နဲ့ မန်ကျည်းပင် စတဲ့ အပင်ပေါင်း ၇၉ ပင် စိုက်ပျိုးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၇၉ နှစ်ပြည့် မွေးနေ့မှသည် အသက်ရာကျော်ရှည်ပြီး အချူပ်အနှောင်ထဲမှ အမြန်ဆုံး လွတ်မြောက်ပါစေလို့ စလင်း-ပကဖ ရဲဘော်ရဲမေတွေကလည်း ဆုတောင်းမေတ္တာ ပို့သခဲ့ကြတယ်လို့ သိရပါ တယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မင်းဘူးခရိုင် #စလင်းမြို့ #ဒေါ်အောင်ဆန်းစုကြည် #အရိပ်ရသစ်ပင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10