စလင်းမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

စလင်းမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ စစ်ကောင်စီဆီထံ စာရင်းပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ - စလင်း)က သတင်းထုတ်ပြန်ထားပါတယ်။

စလင်းမြို့နယ်၊ မန်ကျီးပြားအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၅၀ နှစ် အရွယ်ရှိ ကိုအောင်ဌေးစိုးကို သူနေတဲ့ကျောက်ရဲကုန်းရွာမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

‘’အုပ်ကြီးကို အိမ်ထဲဝင်ဖမ်းပြီး စစ်ဆေးနေတုန်း ထွက်ပြေးလို့ သေနတ်နဲ့ ပစ်သတ်ခဲ့တာ ပွဲချင်းပြီးသေသွားတယ် “ လို့  ပကဖ စလင်းရဲ့ သတင်းတာဝန်ခံ ရဲဘော်အောင်ဆန်းက ပြောပါတယ်။

ကိုအောင်ဌေးစိုးဟာ မန်ကျီးပြားအုပ်စုထဲက လူငယ်သုံးဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီထံ စာရင်းပေးထားတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေကို စုံစမ်းပြီး စစ်ကောင်စီထံ သတင်း‌ပေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

အလောင်းကို အဲဒီညမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေက  မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ - စလင်း) နဲ့ ဒေါင်းစစ်အောင် Local PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ - စလင်း)ဟာ ပြီးခဲ့တဲ့ မတ် ၂၆ ရက် ညကလည်း စလင်းမြို့နယ် တညောင်တိုက်နယ်၊ ကျွဲခြံအုပ်စုထဲမှာ ပြည်သူ့စစ်ထဲဝင်ဖို့ စည်းရုံးနေတဲ့ ပျူစောထီးခေါင်းဆောင် ကိုမြင့်‌အောင်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - အုပ်ချုပ်ရေးမှူး အောင်ဌေးစိုးရဲ့ အလောင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း  #စလင်းမြို့နယ် #စစ်မှုထမ်း #စစ်ကောင်စီ  #ကျေးရွာအုပ်ချုပ်ရေးမှူး #ပစ်ခတ်ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10