စလင်းမှာ PDF ရဲဘော်တွေ လုံခြုံရေးယူပြီး လူထုစုပေါင်း ပန်းသပိတ် ပြုလုပ်

စလင်းမှာ PDF ရဲဘော်တွေ လုံခြုံရေးယူပြီး လူထုစုပေါင်း ပန်းသပိတ် ပြုလုပ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ပြည်သူတွေစုပေါင်းပြီး၊ လမ်းလျှောက်ကာလူထုစုပေါင်း ပန်းသပိတ်ကို မနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ စလင်း PDF တပ်ဖွဲ့ထံက သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၇၈ နှစ်ပြည့်အထိမ်းမှတ်အနေဖြင့် အမေစုနဲ့တကွ ခေတ်အဆက်ဆက်တော်လှန်ရေး တာဝန်ကျေပွန်ခဲ့ကြတဲ့ အမျိုးသမီးတွေ၊ နွေဦးတော်လှန်ရေးမှာ အကျဥ်းကျခံနေရတဲ့ အမျိုးသမီးတွေအပြင် နည်းလမ်းပေါင်းစုံနဲ့ဆက်လက်တော်လှန်ပါဝင်နေကြတဲ့ အမျိုးသမီးထုကို ဂုဏ်ပြုတဲ့အနေနဲ့ လုံခြုံရေးယူပေးရင်း ပန်းသပိတ်ကို ပြုလုပ်ရတာလို့ စလင်း PDF တာဝန်ခံက ပြောပါတယ်။

လမ်းလျှောက်ပန်းသပိတ်ပြုလုပ်ရာမှာ စလင်းမြို့နယ် ပြည်သူလူထု စုပေါင်းသပိတ်၊ အမေချစ်တဲ့ပန်းတွေကမျှော်နေပြီ စာသားပါ ပိုစတာတွေကိုင်ဆောင်ပြီး "အမေစုကျန်းမာပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေ၊ စစ်အာဏာရှင်စနစ်ကျဆုံးပါစေ" စတဲ့ ကြွေးကြော်သံတွေနဲ့ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေး #မင်းဘူး #စလင်း #ပန်းသပိတ် #လူထုလှုပ်ရှားမှု #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10