စဥ့်ကိုင်ပကဖနဲ့ ယက္ခညီနောင်အဖွဲ့ပေါင်းပြီး လက်ပစ်ဗုံးထုတ်လုပ်

စဥ့်ကိုင်ပကဖနဲ့ ယက္ခညီနောင်အဖွဲ့ပေါင်းပြီး လက်ပစ်ဗုံးထုတ်လုပ်

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ယက္ခညီနောင် PDF(MDY)တို့ ပူးပေါင်းပြီး လက်လုပ်လက်ပစ်ဗုံးတွေ ထုတ်လုပ်ခဲ့တယ်လို့ ယက္ခညီနောင်(MDY)အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတ္တု၊ ဘောစေ့၊ TNT အမျိုးအစားယမ်းတွေ အသုံးပြုကာ ထုတ်လုပ်ထားပြီး အလေးချိန် ၀ ဒသမ ၇ ကီလိုဂရမ်ရှိကာ  ပေ ၃၀ ပတ်လည်ကို ထိရောက်မူရှိတယ်လို့ ဆိုပါတယ်။

"ကုန်ကြမ်းပစ္စည်းလုံလောက်ရင် တနေ့ကို လက်ပစ်ဗုံး ၁၅ လုံးနဲ့အထက်ထုတ်လုပ်နိုင်ပြီး ကုန်ကြမ်းရှာဖွေရ လွယ်ကူသလို ထုတ်လုပ်ရာမှာလည်းခက်ခဲမှုမရှိဘဲ ထုတ်လုပ်နိုင်ပါတယ်။ လက်ရှိအချိန်အထိ အလုံးရေ ၉၀ ထုတ်လုပ်ထားပါတယ်" လို့ ယက္ခညီနောင်က ပြန်ကြားရေးတာဝန်ခံ ကိုဉာဏ်လင်းက ပြောပါတယ်။

ကိုယ်တိုင်ထုတ်လုပ်တာဖြစ်တဲ့အတွက် လက်ပစ်ဗုံးတလုံး တန်ဖိုးကျပ် ၆ သောင်းကုန်ကျတယ်လို့ သူက ဆက်ပြောပါတယ်။

မြို့နယ်အတွင်းရှိ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောက်ယှက်နေတဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို တိုက်ခိုက်ဖို့ ထုတ်လုပ်တာဖြစ်ပြီး ဒီထက်ပိုထုတ်နိုင်ဖို့ အကူညီတွေလိုအပ်တယ်လို့ဆိုပါတယ်။

ယက္ခညီနောင်အဖွဲ့ဟာ လက်ပစ်ဗုံးအပြင် ၉ မမပစ္စတိုနဲ့ ၉ မမအူဇီ လက်လုပ်သေနတ်တွေကိုလည်း ထုတ်လုပ်ခဲ့ပြီး လက်နက်ငယ်ထုတ်လုပ်မှုကို ၂၀၂၁ မေလက စတင်ခဲ့တာလို့ သိရပါတယ်။

ပုံစာ - လက်ပစ်ဗုံးထုတ်လုပ်မှုမြင်ကွင်း။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဥ့်ကိုင်မြို့နယ် #ယက္ခညီနောင် #PDF #လက်ပစ်ဗုံးထုတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10