စိန်ခေါ်ထားတဲ့ပျူစောထီးရွာကို PDF တွေဝင်တိုက်လို့ ပျူ ၃ ဦးသေဆုံး

စိန်ခေါ်ထားတဲ့ပျူစောထီးရွာကို PDF တွေဝင်တိုက်လို့ ပျူ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ ပျုစောထီးအများစုနေထိုင်တဲ့ကျေးရွာကို ဒီဇင်ဘာလ ၂၇ ရက်မနေ့ကမနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူ ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Yso . ISA ရေလယ်ကျွန်းဒေသပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ငါန်းဇွန်မြို့နယ်ထဲက အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ ဆုံရွာကပျူစောထီးတွေကို မနေ့ကမနက် ၂ နာရီဝန်းကျင်က လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဆုံရွာမှာ ပျူတွေက တရွာလုံးနီးပါးရှိတယ်ပြောလို့ရတယ်။ ပျူခေါင်းဆောင်ရဲ့ သားနှစ်ယောက်က စစ်ဗိုလ်တွေပါ။ ပျူသင်တန်းဆင်းပြီးကတည်းက လက်နက်တွေလည်း ပေးထားတာ။ PDF ကိုတော့ စိန်ခေါ်ထားတာရှိတယ်။ မိန်းမတွေကလည်း မိုက်တဲ့ PDF လာခဲ့၊ သေနတ်မရှိရင်တောင် ဂျင်ကလိနဲ့ပစ်မယ်လို့ပြောတယ်။ အဲဒါကြောင့်လည်း ကျနော်တို့သွားပစ်တာ" လို့ Yso. ISA အဖွဲ့တာဝန်ခံက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီခွဲလောက်ရှိခဲ့ပြီး၊ တိုက်ပွဲအတွင်းတော်လှန်ရေးရဲဘော်တဦး အနည်းငယ်ဒဏ်ရာရရှိခဲ့ပေမယ့် အခြားရဲဘော်တွေအားလုံး ဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)၊ MGN TIGER ၊.Myingyan Twenty One Guerilla
Force-MTGF (မြင်းခြံခရိုင် တပ်ရင်း2)၊ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊ MGN Tiger (မြင်းခြံ ခရိုင်တပ်ရင်း 2)၊ Wolf Brothers PDF၊ Liberation Army of Central Region(LACR)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။ 

အခုနောက်ပိုင်း ငါန်းဇွန်မြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေနဲ့ သတင်းပေးဒလန်ဆိုသူတွေ မကြာခဏတိုက်ခိုက်ရှင်းလင်းခံနေရကာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်မနက် ၇ နာရီခွဲလောက်မှာလည်း မင်းကြီးကြပ်ရွာက စစ်ကောင်စီသတင်းပေးဆိုသူ ကိုဟန်ဝင်းဟာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်ရှင်းလင်းမှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10