ဆင်မြီးဆွဲမှာ အငြိမ်းစားရဲတဦးနဲ့ နယ်ထိန်းခေါင်းဆောင် ပစ်ခတ်ခံရပြီး အငြိမ်းစားရဲသေဆုံး

ဆင်မြီးဆွဲမှာ အငြိမ်းစားရဲတဦးနဲ့ နယ်ထိန်းခေါင်းဆောင် ပစ်ခတ်ခံရပြီး အငြိမ်းစားရဲသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့မှာ ဇွန်  ၂၆ ရက် ဒီနေ့ မနက် ၇ နာရီကျော် လောက်က အငြိမ်းစားရဲအရာရှိတဦးနဲ့ နယ်ထိန်းခေါင်းဆောင်တဦးပစ်ခတ်ခံရလို့ အငြိမ်းစားရဲအရာရှိသေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်ဖြစ်ပြီး ဒဏ်ရာရရှိသူဟာ ဆင်မြီးဆွဲရဲစခန်း၊ နယ်ထိန်းခေါင်းဆောင်ကျော်ကျော်ဖြစ်တယ်လို့ သိရပါတယ်။

"အငြိမ်းစားရဲအရာရှိကတော့ ဆုံးသွားတယ်။ နယ်ထိန်းခေါင်းဆောင်ကတော့ ပြည်ဆေးရုံတင်သွားတယ်။ သေလား၊ မသေလားတော့မသိဘူး။ ဖုန်းဆက်ပြောလို့သိရတာ အသေးစိတ်တော့ မသိရဘူး" လို့ ဆင်မြီးဆွဲမြို့က ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောပါတယ်။ 

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်သူ့လက်ချက်ဆိုတာ မသိရသေးဘဲ မြေလတ်အသံက သတင်းအသေးစိတ်ကို စုံစမ်းနေပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပဲခူးတိုင်း၊ #သဲကုန်း #ဆင်မြီးဆွဲ #အငြိမ်းစားရဲ #နယ်ထိန်းခေါင်းဆောင် #ပစ်ခတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10