ဆင်းတုတော်ပင့်ဖို့ သွားတဲ့ကား ယာဉ်တိုက်မှုဖြစ်လို့ အများအပြားဒဏ်ရာရ

ဆင်းတုတော်ပင့်ဖို့ သွားတဲ့ကား ယာဉ်တိုက်မှုဖြစ်လို့ အများအပြားဒဏ်ရာရ

ပဲခူတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းရှိ သင်အိုင်ရွာနဲ့ကျောက်တိုင်ရွာကြားမှာ ရပ်ထားတဲ့ကားကို ဗုဒ္ဓဆင်းတုတော် သွားပင့်တဲ့ကားက ဝင်ရောက်တိုက်မိခဲ့တာလို့ သိရပါတယ်။

မတ်လ ၁၁ ရက် ဒီမနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မင်းလှမြို့နယ်၊ စစ်ကွင်းမြို့က ရှားဖြူကွင်းရွာနဲ့ စီတုန်းရွာက ဘုန်းကြီး ၂ ပါးနဲ့ ကလေး၊ လူကြီး ၂၀ ကျော်လောက် လိုက်ပါလာတဲ့ Light Truck ကားဖြစ်ပြီး ပြည်မြို့ကို မောင်းနှင်လာချိန် မနက် ၇ နာရီလောက်မှာ ယာဥ်မတော်တဆ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

"Light Truck ကားက ရှေ့မှာလမ်းတခြမ်းတင်ရပ်ပြီး ပြင်နေတဲ့ကားကို ဝင်တိုက်တာမှာ ကားက ဘယ်မောင်းဆိုတော့ ယာဥ်မောင်းဘေးကနေ ခေါင်းခန်းက စီးလာတဲ့ ဘုန်းကြီးညှပ်နေလို့ ဆွဲထုတ်ယူရတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။



ဘုန်းကြီးတပါးခြေ ၂ ချောင်းကျိုးသွားပြီး ဒဏ်ရာရရှိသူတွေကို မင်းလှဆေးရုံကတဆင့် ဒဏ်ရာပြင်းထန်သူ ၅ ဦးကို ရန်ကုန်ဆေးရုံနဲ့ ၆ ဦးကို သာယာဝတီဆေးရုံကို အနီးဝန်းကျင်က ပရဟိတအသင်းကားတွေနဲ့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာအနည်းငယ်သာရတဲ့ သူ ၂ ဦးခန့်ကို မင်းလှဆေးရုံမှာပဲ ဆေးဝါးကုသနေပြီး ကျန်သူအချို့က ပွန်းပဲ့ဒဏ်ရာလောက်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက် ည ၇ နာရီလောက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း ရန်ကုန်-ပြည်လမ်းရှိ အုတ်ရှစ်ကုန်းကျေးရွာအနီးမှာ Toyota Mark II ကားတစီး မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10