ဆည်ရေပေးစနစ်တွေကို ပအဖနဲ့ဒေသခံတွေပြင်ဆင်ပြီး လယ်ရေစတင်ပေးဝေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်မာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ဆည်ရေထိန်းတံခါးနဲ့ ရေလွှဲမြောင်းတွေကို ပအဖနဲ့ ဒေသခံတွေ ဝိုင်းဝန်းပြုပြင်ပြီး အချို့လယ်တွေကို ရေစတင်ပေးနိုင်နေပြီလို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။ 

မြောက်ယမားဆည်ရေလွှတ်မြောင်းတွေဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသလို တောင်ယမားဆည် ရေထိန်းတံခါးမှာလည်း သြဂုတ်လနှောင်းပိုင်းက ပြတ်ကျခဲ့လို့ အောက်တိုဘာလဆန်းပိုင်းကတည်းက ပြန်လည်ပြင်ဆင်နေခဲ့တာလို့ ဆိုပါတယ်။

ရေအနက်ပေ ၃၀ နီးပါးအောက် ပြတ်ကျသွားတဲ့ ရေထိန်းတံခါးကိုပြင်ဆင်ရာမှာ ရေငုပ် ကျွမ်းကျင်သူများကို ငှားရမ်းလုပ်ကိုင်ရသလို CDM အင်ဂျင်နီယာ၊ ရပ်ကျေး ပအဖ၊ ပကဖ နဲ့ ရပ်ရွာတောင်သူတွေက ၁ လအကြာ ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပအဖ အဖွဲ့က ထိန်းချုပ်ထားတဲ့ တောင်ယမားဆည်ကိုပြင်ဆင်တာနဲ့ စက်ယန္တယား ပြုပြင်ရာမှာ ကုန်ကျတဲ့စားရိတ်ငွေကို ဆည်ရေသောက်တောင်သူတွေက အချိုးကျမျှဝေ  စိုက်ထုတ်ပေးတယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ဒေသခံတောင်သူတွေရဲ့ စပါးစိုက်ခင်းတွေကို ပုံမှန်ရေပေးဝေနေပြီး ရေမရတဲ့ လယ်တွေလည်းကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ 

ဒေသတွင်းမှာရှိတဲ့ ကံပေါက်၊ နွယ်ရှောက်၊ မွေ့တုံ၊ နွားဖူး၊ ကျောက်ကန်၊ ဖိုလ်ကုန်း၊ ရွာတွေက စိုက်ဧက ၁၀၀၀ ကျော်လောက်ဟာ တောင်ယမားဆည်ရေကို အားကိုးနေရပြီး ဆည်ရေရဖို့ ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ပအဖ #ပကဖ #ဒေသခံ #စိုက်ပျိုးရေး #ဆည်ရေသောက်စနစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10