ဆားလင်းကြီးက စစ်တပ်ဂိတ်နဲ့ ထွေအုပ်ရုံးတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး

ဆားလင်းကြီးက စစ်တပ်ဂိတ်နဲ့ ထွေအုပ်ရုံးတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားတဲ့နေရာကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မြို့ပေါ်က စစ်ကောင်စီတပ်သားအင်အား ၂၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ဂိတ်စခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးကို မနက် ၉ နာရီခန့်မှာ လက်နက်ကြီးနဲ့ ရှောတိုက်ဒုံး စုစုပေါင်း ၁၅ လုံးကျော်နဲ့ တပြိုင်တည်းပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"စစ်**စခန်းနဲ့ အနီးဆုံးနေရာကနေ တိုက်ခိုက်ခဲ့တာပါ။ လက်နက်ကြီးစပစ်ပြီးတော့ စစ်**တွေထွက်လာချိန်မှာ ၃ ကောင်သေတယ်လို့ အတွင်းသတင်းအရ သိရပါတယ်။ သူတို့ဘက်ကလည်း ၆၀ မမနဲ့ ပြန်ပစ်သေးတယ်" လို့ RTF ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် Zero ကပြောပါတယ်။ 

စစ်ကောင်စီဘက်ကလည်း ၆၀ မမ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ဒေသခံကာကွယ်ရေးတပ်သားတွေ အထိအခိုက်မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့အတူ ယင်းမာပင်ခရိုင် လက်နက်ကြီး တပ်ပေါင်းစုအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

အဲ့ဒီစစ်ကောင်စီတပ်သား‌တွေဟာ မတ် ၂၂ ရက်ကနေ ဧပြီ ၁၀ ရက်အထိ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်အတွင်း စစ်ကြောင်းထိုးခဲ့တာကြောင့် ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #စစ်တပ်ဂိတ် #ပစ်ခတ်တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10