ဆားလင်းကြီးက စစ်ဘေးနဲ့ မီးဘေးသင့်ကျေးရွာကို S&C က ရိက္ခာထောက်ပံ့

ဆားလင်းကြီးက စစ်ဘေးနဲ့ မီးဘေးသင့်ကျေးရွာကို S&C က ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာက စစ်ဘေးနဲ့မီးဘေးသင့် အိမ်ထောင်စုတွေကို မေလ ၂၅ ရက် မနေ့က ဆန်၊ ဆီ၊ ဆား လှူဒါန်းခဲ့တယ်လို့ S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အိမ်ထောင်စု ၁၂၈ စုကို တအိမ်ထောင်လျှင် ဆန် ၄ ပြည်၊ ဆီ ၁ ပုလင်း၊ ဆား ၁ ထုပ်ဆီ ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။

ဆားထုံးရွာမှာ လူဦးရေ ၈၀၀ ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မနက်အစောပိုင်းမှာ ချင်းတွင်းမြစ်ထဲကနေ ကမ်းတက်လာတဲ့ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ 

S&C အဖွဲ့ဟာ ရွှေဘို၊ အရာတော်၊ ဆာလင်းကြီး၊ ရေဦး၊ ဒီပဲယင်းနဲ့ ဒီမောဆိုးမြို့နယ်တွေက မီးဘေးနဲ့ စစ်ဘေးသင့် ကျေးရွာ ၄၀ ရှိ အိမ်ထောင်စု ၁၇၈၆ စုကိုလည်း ဆန်၊ ဆီ၊ ဆားတွေ လှူဒါန်းခဲ့သလို ပြီးခဲ့တဲ့မေလ ၂၃ ရက်ကလည်း ရွှေဘိုမြို့နယ်ရှိ မီးဘေးသင့်ကျေးရွာတရွာက ကျောင်းသား ကျောင်းသူတွေအတွက် ၂၀ ဝပ် ဆိုလာလျှပ်စစ်အစုံ ၂၀ ကို မဲစနစ်နဲ့ ရွေးချယ်ကာ တပ်ဆင်ပေးခဲ့ပါသေးတယ်။

#မြေလတ်အသံ

#ဆားလင်းကြီး #ဆားထုံး #S&C #ရိက္ခာထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10