ဆားလင်းကြီးက စစ်ရှောင်အမျိုးသမီးတွေကို လစဥ်သုံးနဲ့ ငွေသားထောက်ပံ့

ဆားလင်းကြီးက စစ်ရှောင်အမျိုးသမီးတွေကို လစဥ်သုံးနဲ့ ငွေသားထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက စစ်ဘေးရှောင်အမျိုးသမီးတွေကို ဇွန်လဒုတိယပတ်အတွင်းမှာ အမျိုးသမီးလစဥ်သုံးနဲ့ ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ အဖွဲ့ဆီက သိရပါတယ်။ 

ကိုယ်ဝန်ဆောင်၊ လက်နက်ကြီးထိမှန်ဒဏ်ရာရရှိထားသူ၊ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တဲ့ အမျိုးသမီးတွေရဲ့ မိသားစုဝင်အပါအဝင် စုစုပေါင်း ၂၆ ဦးအတွက် ၁ ဦးကို ၅ သောင်းနှုန်းနဲ့ ငွေကျပ် ၁၃ သိန်း ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။ 

"စစ်ရှောင် ကိုယ်ဝန်ဆောင်၊ တနှစ်အောက်ကလေးမိခင်၊ စကစကြောင့် ထိခိုက်သေဆုံးတဲ့ အမျိုးသမီးတွေကို အဓိကထောက်ပံ့ခဲ့တာပါ" လို့ အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာမြို့နယ်တာဝန်ခံ မဇင်မာဦးက ပြောပါတယ်။

ထောက်ပံ့မှုတွေပြီးနောက် စစ်ရှောင်ပြည်သူတွေနဲ့တွေ့ဆုံပြီး မိုင်းအန္တရာယ်၊ လေကြောင်း တိုက်ခိုက်မှုအန္တရာယ်၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာအကြောင်းအရာတွေကိုအသိပေး ဟောပြောခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း  

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ရှောင် #ထောက်ပံ့ #အမျိုးသမီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10