ဆားလင်းကြီးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သား ၁၇လောင်းကို PDF တွေ မြေမြှုပ်ပေးခဲ့ရ

ဆားလင်းကြီးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သား ၁၇လောင်းကို PDF တွေ မြေမြှုပ်ပေးခဲ့ရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေများခဲ့တယ်လို့ Union Liberation Front (ULF V 02) က သတင်းထုတ်ပြန်ထားပါတယ်။

အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ပုလဲ၊ ယင်းမာပင်နဲ့ ဆားလင်းကြီး မြို့နယ်အစပ်ရှိ လက်တောင်းငယ်ကျေးရွာ အနီးမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ခဲ့တာပါ။ 

“ကျနော်တို့ဘက်ပစ်လိုက်တဲ့ အီနာဂါက သူတို့ ခဏနားနေတဲ့နေရာကို သွားကျပြီး အီနာဂါကွဲတာမှာ တော်တော်ထိပြီး အဲဒီမှာပွဲစဖြစ်တာ။ သူတို့ ဝရုန်းသုံးကားဖြစ်သွားတာ။ ကျနော်တို့က လေးဘက်လေးလံဝိုင်းပစ်တာ” လို့ ULF V 02 ပြန်ကြားရေးတာဝန်ခံ ကို‌ဂျော်ဒန်က ပြောပါတယ်။

တိုက်ခိုက်ချိန် ၄ နာရီခန့်ရှိခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၁၇ ဦးကျော်သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိကာ တိုက်ပွဲအပြီး MA 3 သေနတ်တလက်၊  RPG ကျည်  ၄ ဖူး၊ ၆၀ မမ ၄ ဖူး၊ ၄၀ မမ ဗုံးသီး ၁၅ လုံးအပြင် ၅.၅၆ ကျည်‌တောင့် ၂၀၀၀ နဲ့ အခြား လက်နက်ခဲယမ်းပစ္စည်းစုံတို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

သေဆုံးသူစစ်ကောင်စီအဖွဲ့ဝင် ၁၇ ဦးရဲ့ အလောင်းကိုလည်း မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ကိုဂျော်ဒန်က ဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုအတွင်း ကျောက်လုံးကြီး PDF နဲ့အတူ ULF တပ်ပေါင်းစုနဲ့ ဒေသခံ LPDFတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ULF တပ်ပေါင်းစုက ရဲဘော် ၅ ဦးလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီလ ၁၉ ရက်မှာ မုံရွာမြို့ကနေ ချင်းတွင်းမြစ်ကိုဖြတ်ကာ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေကိုစစ်ကြောင်းထိုးပြီးနောက်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။ ဇန်နဝါရီလ ၂၂ ရက်မှာတော့ အဆိုပါစစ်ကြောင်းဟာ ပုလဲမြို့နယ်ထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။ 

ပုံစာ - သေဆုံးစစ်သားအလောင်းနဲ့ သိမ်းဆည်းခဲ့တဲ့ လက်နက်ခဲယမ်းများ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #PDF #တိုက်ခိုက် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10