ဆားလင်းကြီးတွင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ပပျောက်စေရေး ပညာပေးဟောပြော

ဆားလင်းကြီးတွင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ပပျောက်စေရေး ပညာပေးဟောပြော

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ အမျိူးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ပပျောက်စေရေး ပညာပေးဟောပြောမှုကို ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်တို့မှာ ပြုလုပ်ခဲ့တယ်လို့ ဦးဆောင်ရာမှာ ပါဝင်သူအမျိုးသမီးတဦးဆီက သိရပါတယ်။

ဒီဇင်ဘာလ ၈ ရက်နဲ့ ၉ ရက်က "အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွပါဝင် ပံ့ပိုးစို့ " ခေါင်းစဉ်နဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြုလုပ်တာလို့ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ အနေကြာ စစ်ရှောင်တွေ များပြားပြီး သူတို့တွေဟာ သက်ဆိုင်ရာကျေးရွာတွေက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ နေထိုင်ကြရပြီး အားလုံးဟာ ကြမ်းတပြေးတည်း အိပ်နေရတာဖြစ်လို့ နောင်တချိန်မှာ လိင်ပိုင်းဆိုင်းရာ အမြတ်ထုတ်ခံရနိုင်တာတွေ ဖြစ်လာနိုင်တာကြောင့် လိင်ပိုင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်ရတာဖြစ်တယ်လို့  အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့ ဦးဆောင်ရာမှာပါဝင်တဲ့ မဖူးပွင့်ဝေက ပြောပါတယ်။ 

ဒါ့အပြင် လာရောက်နားထောင်သူ အမျိုးသမီးနဲ့တွေကို လိင်ပိုင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်တွေလည်း ပေးဝေခဲ့တယ်လို့ သိရပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ဒေသတွင်းမှာ မီးဘေးသင့်နဲ့ စစ်ရှောင်တွေကိုလည်း အဟာရဒါန ကျွေးမွေးတာအပြင် မီးဖိုဆောင်သုံးပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကိုလည်း လှူဒါန်းမှုတွေပြုနေတာလည်း ဖြစ်ပါတယ်။

ပုံစာ - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ပပျောက်စေရေးပညာပေးလှုပ်ရှားမှုမြင်ကွင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#အမျိုးသမီး #စစ်ရှောင် #လိင်ပိုင်းဆိုင်ရာ #စစ်ကောင်စီ #ပညာပေး #ဆားလင်းကြီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10