ဆားလင်းကြီးမြို့နယ်က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ဇွန် ၃၀ ရက် မနက်က  ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ပြုလုပ်ခဲ့ကြတယ်လို့  ဦးဆောင်ရာမှာ ပါဝင်တဲ့ ဓါးမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်းက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် နွေဦးဆရာတော်ဦးဆောင်ပြီး ဓမ္မန္တရာယ်ဖြစ်နေတဲ့ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ကံဆောင်သပိတ်မှာ ပါဝင်တဲ့သံဃာတော်တွေကို ဆားလင်းကြီးမြို့နယ် ပအဖ က နဝကမ္မ နေ့ဆွမ်းကပ်ပြီး လိုက်ပါဝန်းရံကြတဲ့ ပြည်သူတွေကိုလည်း နေ့လယ်စာကျွေးမွေးကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက် မနက်ပိုင်းက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက်ဆရာတော်၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ်မှုဖြစ်ပြီးနောက်ပိုင်း  သံဃာတော်တွေက ခုလို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကလည်း ဆားလင်းကြီးမြို့နယ်မှာ သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဆားလင်းကြီ #ပတ္တနိက္ကုဇ္ဇန #ကံဆောင်သပိတ် #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10