ဆားလင်းကြီးမြို့နယ်ထဲက မီးဘေးသင့်စစ်ရှောင်စခန်းကို ဆန်နဲ့အသားတုလှူဒါန်း

ဆားလင်းကြီးမြို့နယ်ထဲက မီးဘေးသင့်စစ်ရှောင်စခန်းကို ဆန်နဲ့အသားတုလှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်ထဲက စစ်ရှောင်စခန်းတခုကို ဩဂုတ်လ ၁၆ ရက် ဒီနေ့မနက်က စားသောက်ကုန်တချို့ သွားရောက်လှူဒါန်းခဲ့တယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ ကိုအောင်ခန့်ဇော်က ပြောပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးက စစ်ရှောင်စခန်းတခုမှာ မြို့နယ်အတွင်း ကျေးရွာအသီးသီးကနေ ၂ လ ကျော်ကြာ နေထိုင်ကြတဲ့အိမ်ထောင်စု ၅၀ ကို ဆန်နဲ့အသားတုတွေလှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းဟာ အလှူငွေရရှိလာချိန်မှာလှူဒါန်းတာဖြစ်ပြီး အခုလိုလှူဒါန်းမှုမျိုး ၁၀ ကြိမ်ထက်မနည်းရှိပြီလို့ ဆိုပါတယ်။

မီးဘေးသင့်စစ်ရှောင်တွေကို လှူဒါန်းလိုသူတွေအနေနဲ့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း ဖေ့ဘွတ်စာမျက်နှာကတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ 

အဲဒီအဖွဲ့ဟာ အခုလဆန်း ၁ ရက်ကလည်း ဆာလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာဝန်းကျင်က မီးဘေးသင့်စစ်ရှောင်တွေကို ဆန်နဲ့ငါးသေတ္တာတွောလှူဒါန်းခဲ့ပါသေးတယ်။

ပုံစာ - မီးဘေးသင့်စစ်ရှောင်တွေကို လှူဒါန်းနေစဥ်။ 

သတင်း - ခန့်အောင်၊ စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆာလင်းကြီးမြို့ #စစ်ရှောင် #ညောင်ပင်ကြီး #သပိတ်စစ်ကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10