ဆားလင်းကြီးမြို့ပေါ်ကို အရက်ထွက်ဝယ်တဲ့ စစ်အုပ်စုဝင် ၂ ဦး တိုက်ခိုက်ခံရလို့ သေဆုံး

ဆားလင်းကြီးမြို့ပေါ်ကို အရက်ထွက်ဝယ်တဲ့ စစ်အုပ်စုဝင် ၂ ဦး တိုက်ခိုက်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်အုပ်စုထဲကတပ်ဖွဲ့ဝင် ၂ ဦးကို စက်တင်ဘာလ ၁၉ ရက် မနေ့က အသေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ မှ တပ်ရင်းမှူးဗိုလ်အောက်ဆွဲ က ပြောပါတယ်။ 

ဆားလင်းကြီးမြို့၊ ရွှေမုတောဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုအင်အား ၂၀ ဦးလောက်ထဲက ၂ ဦးဟာ မနေ့ည ၇ နာရီလောက်မှာ အရက်ထွက်ဝယ်တာကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်မပါပဲ အရက်ထွက်ဝယ်တယ်သတင်းရလို့စောင့်ပြီး အရက်ဆိုင်နားမှာပဲ ပစ်ခတ်ခဲ့တာပါ။ မျက်ဝါးထင်ထင် ၂ ယောက်စလုံး ပွဲချင်းပြီး ဖြစ်သွားတယ်။ ယူနီဖောင်းတဝက်ဝတ်ထားပြီး ညလည်းဖြစ်တော့ ရဲလားစစ်သားလားတော့ မသိဘူး" လို့ ဗိုလ်အောက်ဆွဲ က ပြောပါတယ်။ 

တိုက်ခိုက်မှုအပြီးမှာ စစ်အုပ်စုဘက်က ဆားလင်းကြီးမြို့ပေါ်ကို စစ်ဆေးမှုတွေပြုလုပ်သလို ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး အလောင်းတွေကို သယ်သွားတယ်လို့ ဆိုပါတယ်။ 

အဲဒီစစ်အုပ်စုဟာ ဘာသာရေးအဆောက်အဦတခုကို ခုတုံးလုပ်ပြီး တပ်စွဲထားတာဖြစ်တယ်လို့လည်း ပြောပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၃ သမန်းကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးတာတွေလည်းရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်ကလည်း မြို့ရဲ့တောင်ဘက်ခြမ်းကို တိုက်ပွဲမရှိဘဲစစ်ကြောင်းထိုးလို့ ရုံးပင်၊ ထူးကြီး၊ မင်းတော စတဲ့ကျေးရွာတွေ တိမ်းရှောင်ခဲ့ရပါသေးတယ်။ 

ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၃ ဟာ စက်တင်ဘာ ၁ ရက် ည ၉ နာရီလောက်ကလည်း ရွှေမုတောဘုန်းကြီးကျောင်းထဲမှာတပ်စွဲထားတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။ 

ပုံစာ - ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ နဲ့ မဟာမိတ်တွေကိုတိုက်ပွဲတခုတွေ့ရစဉ်(ပုံဟောင်း)။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #တိုက်ခိုက်မှု #စစ်ကောင်စီ #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10