ဆားလင်းကြီးမှာ စစ်ကောင်စီတပ်ဖွဲ့ ခြုံခိုတိုက်ခံရလို့ ၄ ဦးသေ၊ သေနတ် ၁ လတ်ရ

ဆားလင်းကြီးမှာ စစ်ကောင်စီတပ်ဖွဲ့ ခြုံခိုတိုက်ခံရလို့ ၄ ဦးသေ၊ သေနတ် ၁ လတ်ရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးသွားကာ လက်နက် ၁ လက်လည်းသိမ်းဆည်းရရှိသွားတယ်လို့ တွေ့ရာသချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၂၆ ရက် ဒီနေ့ မနက် ၆ နာရီ ၄၅ မိနစ်လောက်မှာ ညောင်ပင်ကြီးရဲစခန်းကနေ အင်အား ၇ ယောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားဟာ ညောင်ပင်ကြီး ဇတ်ဆိပ်အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးသွားသလို G3 ၁ လက် ကျည်ဘောက် ၁ ခု၊ ၇.၆၂ ကျည်ထောင့် ၇ တောင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

“သူတို့ဘက်က သေဆုံးသွားတာကို မျက်မြင်ကိုယ်တွေ့ တွေ့ရတာပါ။ အပြန်အလှန်ပစ်ခတ်နေချိန် ဗိုက်ထိလို့ လဲကျသွားတာတွေ၊ ဒဏ်ရာတွေနဲ့ ထွက်ပြေးပြီး လမ်းပေါ်မှောက်ကျသွားတဲ့ သူတွေကို မြင်ခဲ့ရတာပါ။ သူတို့ စခန်းနဲ့လည်း နီးတော့ လက်နက်ကတလက်ဘဲ ကောက်ခဲ့ရတယ်” လို့ ဓားမဆိုင်းအဖွဲ့ ခေါင်းဆောင်း ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ ဓားမဆိုင်းတပ်ဖွဲ့က အထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ 

ပစ်ခတ်မှုပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ ထိခိုက်သေဆုံးသွားတဲ့ သူတို့အဖွဲ့ဝင် အလောင်းတွေကို လာကောက်စဉ် ညောင်ပင်ကြီးနား၊ ထန်းတောရွာက နေအိမ်တလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း ဓါးမဆိုင်းတပ်ဖွဲ့ဟာ ဆားလင်းကြီးနယ် ရွှေသမင်ကျေးရွာမှာ ညအိပ် တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်သားကို ပဒေသာမိုင်း (၃) လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့ #ညောင်ပင်ကြီး #ရဲစခန်း #စစ်ကောင်စီ #ဇတ်ဆိပ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10