သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးသွားတယ်လို့ Monywa Underground Force(M.U.G.F) အဖွဲ့ဆီက သိရပါတယ်။
မြိုနယ်ဆေးရုံမှာ တပ်စွဲပြီးဂိတ်စောင့်နေတဲ့ စစ်သားတွေကို နိုဝင်ဘာ ၂၆ ရက်ညနေ ၃ နာရီကျော်က လက်နက်ငယ်တွေနဲ့ အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ Monywa Underground Force - MUGF ရဲ့ ခေါင်းဆောင် ဗိုလ်ဘဒင် ဆိုပါတယ်။
တိုက်ခိုက်ချိန်အတွင်း စစ်သားတွေဘက်ကလည်း လက်နက်ငယ်တွေ၊ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှု Salingyi သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့၊ Burma National Revolutionary Army(B.N.R.A)၊ Salingyi Revolution Army(S.R.A)၊ Monywa Underground Force(M.U.G.F)တို ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း Monywa Underground Force(M.U.G.F)နဲ့ ပူးပေါင်းအဖွဲတွေဟာ ချင်းတွင်းမြစ်ကို ဆန်တက်လာတဲ့ စစ်သေင်္ဘာတွေကိုလည်း တိုက်ခိုက်ခဲ့ကြပါသေးတယ်။
စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ဆားလင်းကြီး #မြို့နယ်ဆေးရုံ #စစ်အုပ်စု #တပ်စွဲ #တိုက်ခိုက်ခံရ #ထိခိုက် #စစ်သား #PDF #မြေလတ်ရုပ်သံ
Share Share Share