ဆားလင်းကြီးမှာ စစ်ကြောင်းထိုးနေလို့ ရွာ ၄ ရွာက ဒေသခံတွေစစ်ရှောင်နေရ

ဆားလင်းကြီးမှာ စစ်ကြောင်းထိုးနေလို့ ရွာ ၄ ရွာက ဒေသခံတွေစစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းကို ဇန်နဝါရီလ ၁၆ ရက်  ဒီမနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် ကျေးရွာ ၄ ရွာက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီမနက် ၇ နာရီလောက်မှာ မုံရွာကနေ ဆားလင်းကြီးဘက်ကို ဇက်သင်္ဘောနဲ့ ဖြတ်လာတဲ့ စစ်သား အင်အား ၈၀ လောက်က ဝမ်ပေါင်ကုမ္မဏီအနီးရှိ ဆည်တဲ၊ ဇီးတော၊ ကျောက်ဖြူတိုင်၊ မကျီးတန်း စတဲ့ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေတိမ်းရှောင်နေကြရတာပါ။ 

"မုံရွာကနေ စစ်**တွေက ဇက်နဲ့ကူးလာတယ်။ ကားတွေနဲ့ခေါ်ပြီး ဝမ်ပေါင်ကုမ္ပဏီနားက ဆည်တဲရွာကနေ ပြန်ထွက်လာတယ်။ ရွာတွေဘက် စစ်ကြောင်းထိုးလာတော့ ပြည်သူတွေ စစ်ရှောင်နေရတယ် " ဆားလင်းကြီးဒေသခံ မချောစုဟန်က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက ဒီနေ့မနက်မှာပဲ မကျီးတန်းကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးထားပြီး စစ်ကြောင်းက ကျေးရွာအနီးမှာပဲ ရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့ စုံစမ်းနေဆဲဖြစ်တာကြောင့် နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ 

ပုံစာ- ဇန်နဝါရီလ ၁၆ ရက်မှာ မုံရွာကနေ ဇက်နဲ့ ကူးလာတဲ့ စစ်ကြောင်းနဲ့ စစ်ရှောင်ပြည်သူများ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #စစ်ဘေးရှောင် #ထွက်ပြေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10