သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝဲကွဲရွာကနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့သွားတဲ့အပြင်၊ ရွာသားတွေကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မတ်လ ၁၇ ရက် ဒီမနက် ၆ နာရီလောက်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းက ရွာထဲကိုဝင်လာပြီး၊ မနက် ၁၁ နာရီလောက်မှာတော့ နေအိမ်တွေကိုမီးရှို့ခဲ့တဲ့အပြင် ဒေသခံရွာသား ၂၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဓါးမဆိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ ခေါင်းဆောင်း ကိုစွမ်းသူမောင်က ပြောပါတယ်။
“စစ်ကြောင်းက ခါတိုင်းဆို မနက် ၈ နာရီလောက်မှထွက်တာ။ အခုက မနက် ၆ နာရီလောက်မှာ ထွက်လာတော့ ရွာသားတွေ ပိတ်မိကုန်တာ။ ပိတ်မိတဲ့အထဲမှာ ကျနော်တို့ ရဲဘော်လေး တယောက်တောင် ပါသေးတယ်” လို့ ဆိုပါတယ်။