ဆားလင်းကြီးမှာ စစ်တပ်အထိုင်ချထားတဲ့ ရုံး ၄ ရုံးကို PDF တွေက လက်နက်ကြီးနဲ့ပစ်ခတ်

ဆားလင်းကြီးမှာ စစ်တပ်အထိုင်ချထားတဲ့ ရုံး ၄ ရုံးကို PDF တွေက လက်နက်ကြီးနဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က ရုံး ၄ ရုံးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၈ ရက် မနက် ၅ နာရီခွဲလောက်မှာ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Fighter Brotherhood Guerrilla Army - FBGA တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့တပ်စွဲထားတဲ့ ဆားလင်းကြီးမြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနဲ့ ဆေးရုံတို့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။

အခုလို ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေနိုင်သလို သူတို့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ် ခတ်ခဲ့တယ်လို့  FBGA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်**တွေဘက်က သေဆုံးတာတွေရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ လက်နက်ကြီးက သူတို့ဆောက်အဦး အဝန်းအဝိုင်းထဲကျပြီး ပြင်းထန်စွာ ပေါက်ကွဲခဲ့တာလို့ သတင်းရတယ်။ ဆေးရုံမှာဆိုလည်း **တွေရှိတယ်။ သူတို့အဝန်းအဝိုင်းက လူတွေနဲ့ ဆရာ၊ ဆရာမတွေဘဲ အထိုင်ချထားတာ” လို့ သူက ဆိုပါတယ် ။

အဆိုပါ မြို့မရဲစခန်း၊ ထွေအုပ်ရုံးနဲ့ တရားရုံးတွေမှာ စစ်ကောင်စီတပ်သားတွေ အင်အား ၁၀၀ ဝန်းကျင်နဲ့ တပ်စွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုကို Fighter Brotherhood Guerrilla Army နဲ့အတူ ပူးပေါင်းတပ်ဖွဲ့  ၁၂ ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ကြပါတယ်။ 

နိုဝင်ဘာ ၆ ရက်ကလည်း FBGA ပူးပေါင်းတပ်ဖွဲ့ဟာ ဆားလင်းကြီးမြို့နယ် သီတဂူဘုန်းကြီးကျောင်းမှာ အထိုင်ချ ထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း − လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့ #စစ်ကောင်စီ #လက်နက်ကြီး #FBGA #PDF #သတင်း #မြေလတ်သတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10