ဆားလင်းကြီးမှာ စစ်အုပ်စုက နေအိမ်ကိုမီးရှို့လို့ ဒေသခံတွေ နေထိုင်ရေးခက်ခဲနေ

ဆားလင်းကြီးမှာ စစ်အုပ်စုက နေအိမ်ကိုမီးရှို့လို့ ဒေသခံတွေ နေထိုင်ရေးခက်ခဲနေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျောက်ဖြူတိုင်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ နေထိုင်စားသောက်ရေးမှာ အခက်တွေ့နေရပါတယ်။ 

အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ကျောက်ဖြူတိုင်ရွာကို ဇန်နဝါရီလ ၆ ရက်နဲ့ ၁၂ ရက်မှာ မီးရှို့ခဲ့ရာ နေအိမ် ၉၈ လုံး မီးလောင်ပျက်စီးခဲ့တာကြောင့် လက်ရှိမှာတော့ ဒေသခံအများစုဟာ ရွာစာသင်ကျောင်းမှာပဲ နေထိုင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

မီးရှို့ခံရပုံ

“လူနည်းစုက ရွာစာသင်ကျောင်းထဲမှာပဲ နေကြရတယ်။ တချို့ကတော့ ကိုယ့်အသိအိမ်မှာ နေကြတယ်။ လောလောဆယ်ဆယ်တော့ ဘာမှကို မပြုပြင်ရသေးဘူး။ မီးလောင်တဲ့အိမ်တွေ သစ်ပင်တွေ ရှင်းနေရတုန်းပဲ။ စားဖို့သောက်ဖို့ကကြတော့ ကူညီသူက နည်းနေသေးတယ်။ ရွာကပဲ စုပြီးချက်ကျွေးတယ်။ ဘေးရွာတွေကလည်း ကူပါတယ်” လို့ ဆိုပါတယ်။

လက်ရှိစာသင်ကျောင်းထဲမှာ လူဦးရေ ၅၀ နီးပါး နေထိုင်နေရပြီး စားသောက်ရေးအတွက်လည်း အခက်အခဲတွေ ရှိနေပါတယ်။

ကျောက်ဖြူတိုင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီလ ၅ ရက်ညက မုံရွာကနေ ညောင်ပင်ကြီးရွာကို ရောက်ရှိလာပြီး အဲ့ဒီကနေတဆင့် ဇန်နဝါရီလ ၆ ရက်မှာတော့ ဆားလင်းကြီးမြို့နယ်ထဲက ဖောင်းကတာတောင်၊ ဖောင်းကတာမြောက်ရွာနဲ့ ကျောက်ဖြူတိုင်ကျေးရွာတို့ကို ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းက ၁၀ ရွာကျော်ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် သောင်းချီတဲ့ဒေသခံတွေလည်း နီးစပ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။ 

 #မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10