ဆားလင်းကြီးမှာ ပျက်စီးနေတဲ့ ရေကျော်ကို PDF တွေ ပြည်သူနဲ့အတူ စုပေါင်းပြုပြင်

ဆားလင်းကြီးမှာ ပျက်စီးနေတဲ့ ရေကျော်ကို PDF တွေ ပြည်သူနဲ့အတူ စုပေါင်းပြုပြင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ပျက်စီးနေတဲ့ မြေသားရေကျော်တခုကို ကွန်ကရစ်ရေကျော်အဖြစ် အသစ်တည်ဆောက်နေတယ်လို့ Salingyi Revolution Eagles  အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဆာလင်းကြီးမြို့နယ်အတွင်းက ပြည်သူတွေအသုံးများတဲ့ ကားလမ်းရေကျော်ဖြစ်ပြီး အောက်တိုဘာ ၅ ရက်က စတင်ကာ ကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ အလျားပေ ၄၀ အနံ ပေ ၂၀ နဲ့ ထု ၁၀ လက်မရှိ ကွန်ကရစ်ရေကျော်အဖြစ် တည်ဆောက်နေတာလို့ ဆိုပါတယ်။

အဲ့ဒီငွေတွေကို ပြည်သူတွေနဲ့  သွားလာနေကြတဲ့ ယာဉ်တွေက ထည့်ဝင်ငွေအပြင် Salingyi Revolution Eagles တပ်ဖွဲ့ငွေ၊ တပ်ဖွဲ့ဝင်တွေရဲ့ လုပ်အားတွေနဲ့  ပြုပြင်နေတာလို့ ပြောပါတယ်။ 

အဲ့ဒီရေကျော်နေရာဟာ မိုးရာသီမှာ ရေတိုက်စားတာကြောင့် ချိုင့်ခွက်တွေဖြစ်ကာ သွားလာရခက်ခဲတယ်လို့လည်း ဆိုပါတယ်။

ပြုပြင်နေဆဲဖြစ်လို့ လက်ရှိမှာ ခရီးသွားနဲ့ ယာဉ်တွေဟာ ရေကျော်ဘေးကနေ ယာယီ ဖောက်လုပ်ထားတဲ့ မြေသားလမ်းကိုသာ အသုံးပြုနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ရေကျော်တည်ဆောက်ပြီးပါက  ခရီးသွားယာဉ်တွေအပြင် ကုန်တင်ယာဉ်တွေပါ  မိုးရာသီမှာလည်း အဆင်ပြေစွာ သွားလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - တည်ဆောက်နေဆဲ ကွန်ကရစ်ရေကျော်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့ #မြေသား #ရေကျော် #ကွန်ကရစ်ရေကျော် #SalingyiRevolutionEagles #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10