ဆားလင်းကြီးမှာ သပိတ်အင်အားစုတွေပေါင်းပြီး ဆန္ဒထုတ်ဖော် (photo news)

ဆားလင်းကြီးမှာ သပိတ်အင်အားစုတွေပေါင်းပြီး ဆန္ဒထုတ်ဖော် (photo news)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကျေးရွာတရွာမှာ ဒီဇင်ဘာ ၂၁ ရက် မနေ့ညနေက စစ်အာဏာရှင်ကျရှုံးရေး ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့တယ်လို့  ဦးဆောင်ပါဝင်သူ ကိုအောင်ခန့်ဇော်ဆီက သိရပါတယ်။

" သို့...တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" စာသားကို ကိုင်ဆောင်ကာ ရန်ကုန်သပိတ်အင်အားစု၊ မန္တလေးသပိတ်အင်အားစု၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့နဲ့ ဆားလင်းကြီးမြို့နယ် ဒေသတွင်းရှိ သပိတ်အင်အားစုတွေ အားလုံးစုပေါင်းကာ ပြုလုပ်ခဲ့ကြတာတာလို့ ဆိုပါတယ်။ 

ဆန္ဒထုတ်ဖော်ရာမှာ ဒေသခံပြည်သူ ၁၀၀ ကျော်ပါဝင်ပြီး ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - အောင်ခန့်ဇော်

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #သပိတ်အင်အားစု #လူထုလှုပ်ရှားမှု #ယင်းမာပင် #ဆားလင်းကြီး #ဆန္ဒဖော်ထုတ် #စစ်ကောင်စီ #နွေဦးတော်လှန်ရေး #photonews

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10