ဆိပ်ခွန်မြို့ထဲမှာ တပ်စွဲနေတဲ့ စစ်ကြောင်းကို တိုက်ခိုက်လို့  ၅ ဦးသေပြီး PDF ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ဆိပ်ခွန်မြို့ထဲကို လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံမဟာမတ်တပ်ဖွဲ့တွေက ခုခံတိုက်ခဲ့လို့ နှစ်ဘက်ထိခိုက်သေဆုံးမှုရှိတယ်လို့ Shwebo Special Army - SBFA ရဲ့သတင်းပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

ဇူလိုင် ၂၉ ရက်ကနေ သြဂုတ် ၄ ရက်အထိ ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရကာ ဒေသခံပြည်သူ့ကာကွယ်ရေးတွေဘက်က ၁ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဆိပ်ခွန်မြို့အနီး မြင်းချင်းရွာကနေ ဇူလိုင် ၂၉ ရက်ညနေ ၄ နာရီလောက်က စစ်အင်အား ၅၀ လောက်နဲ့ ဝင်ရောက်တပ်စွဲတာလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို Shwebo Federal Army - SBFAနဲ့အတူ  ဗိုလ်မိကျောင်း၊ Burma Liberation Democratic Front (BLDF) တပ်ခွဲ၄ - SPECIAL REGIONAL ATTACKS FORCES MONYWA(BLDF) အပါအဝင်မဟာမိတ်ညီနောင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရွှေဘို #ဆိပ်ခွန်မြို့ #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #PDF #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10