သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲမှာ စစ်ကောင်စီက စည်းရုံးရေးဟောပြောမှု လုပ်ဆာင်သွားပြီး ရွာကနေ ပြန်လည်ထွက်ခွာချိန်မှာတော့ ရွာသားတဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့ မနက် ၇ နာရီကျော်လောက်မှာ အင်အား ၇၀ နီးပါးရှိတဲ့ အဲဒီစစ်ကြောင်းဟာ ဆိပ်ဖြူမြို့နယ်ထဲက ရေရင်ညောင်ရွာကနေ မြောက်ရွာမကျေးရွာထဲ ခြေလျင်စစ်ကြောင်းနဲ့ ဝင်ရာက်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ရွာထဲကို ဝင်လာပြီးတဲ့နောက် ရွာထဲမှာရှိနေတဲ့ ရွာသားတချို့ကို တအိမ်တယောက် မဖြစ်မနေ စည်းဝေးပွဲတတ်ရမယ်ဆိုပြီး စည်းရုံးဟောပြောခဲ့တယ်လို့ ဆိုပါတယ်။
"ရွာသားတွေကို သူတို့ဆီလာခိုင်းတယ်။ စည်းရုံးရေးလုပ်တဲ့ သဘောပေါ့။ ရွာသားတွေကိုဘာပြောသွားလဲဆိုတာတော့ အတိအကျ မသိရသေးဘူး။ လမ်းပြအဖြစ် ဖမ်းခေါ်သွားတဲ့ရွာသားဟာလည်း မည်သူ၊ မည်ဝါဆိုတာ မသိရသေးပါဘူး" လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)တာဝန်ခံ ဆရာဒေးဗစ်က မြေလတ်အသံကို ပြောပါတယ်။
အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ ညနေ ၄ နာရီထိုးလောက်မှာတော့ မြောက်ရွာမရွာထဲမှာရှိတဲ့ အလိုတော်ပေါက်ဘုရာကြီးရဲ့မြောက်ဘက်မှာ ရှိနေတယ်လို့ ဆရာဒေးဗစ်က ဆက်ပြောပါတယ်။
"သူတို့ရှိနေတဲ့ နေရာနဲ့ ရွာနဲ့က သိပ့်မဝေးတော့ ထွက်ပြေးနေတဲ့ ရွာသားတွေက ရွာထဲပြန်ဝင်မရဲသေးဘူး။ သူတို့က ဘယ်ကို စစ်ကြောင်း ဆက်ထိုးမလဲဆိုတာ မသိရသေးဘူး" လို့ ဆိုပါတယ်။
မြောက်ရွာမရွာထဲကို စစ်ကောင်စီ စစ်ကြောင်းထိုးတာဟာ ဒီနေ့နဲ့ဆို ၃ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းနဲ့ အဲဒီသုံးကြိမ်ထဲမှ ၂ ကြိမ်ဟာ ဖေဖော်ဝါရီလထဲမှာပဲ ဖြစ်တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share