ဆိပ်ဖြူနဲ့ ဆောမြို့နယ်အစပ်ကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ပစ်

ဆိပ်ဖြူနဲ့ ဆောမြို့နယ်အစပ်ကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ပစ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆိပ်ဖြူမြို့နယ်နဲ့ ဆောမြို့နယ်အစပ်ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၃ ရက် မနေ့က နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

မနေ့ကနေ့လယ် ၁ နာရီကျော်မှာ တံတားဦးလေဆိပ်ကနေထွက်လာတဲ့ ဂျက်ဖိုက်တာတစီးပေါ်ကနေ ပေါင် ၅၀၀ လို့ ယူဆရတဲ့ဗုံးသီး ၂ လုံးနဲ့ လာရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။ 

“ဘာတိုက်ပွဲ ဘာလှုပ်ရှားမှုမှ မရှိဘူး။ တမင်သက်သက် လာပစ်သွားတာ “လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးဒဏ်ကြောင့် ဆိပ်ဖြူမြို့နယ်အစပ်ရှိ တောင်သူလို့ယူဆရသူတွေ စုဖွဲ့နေထိုင်တဲ့ အဆောက်အဦတွေထဲက ဂိုဒေါင်တလုံး၊ ဆောမြိုနယ်အတွင်းရှိ နဂါးပွက်တောင်ဘုရားက အုတ်တံတိုင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

အခုလို ဆိပ်ဖြူနဲ့ ဆောမြို့နယ်ကြားကို စစ်ကောင်စီက လေကြောင်းကနေ လာရောက်ပစ်ခတ်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဂန့်ဂေါခရိုင်အမှတ် ၆ တပ်ရင်းရဲ့ ပြောခွင့်ရသူဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အချိန်အခါမရွေးလုပ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးဒဏ်ခံနိုင်တဲ့ နေရာတွေနဲ့ ဘေးလွတ်ရာကို ကြိုတင်ပြင်ဆင် ရှောင်ရှားကြဖို့ကိုလည်း ဂန့်ဂေါခရိုင်အမှတ် ၆ တပ်ရင်းက အသိပေးသတင်းထုတ်ပြန်ထားပါတယ်။

ပုံစာ - ထိခိုက်ပျက်စီးသွားသည့် နဂါးပွက်တောင်ဘုရားအုတ်တံတိုင်းနှင့် အဆောက်အအုံအချို့။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #ဆော #စစ်ကောင်စီ #လေကြောင်းတိုက် #သတင်း #မြေလတ်သတင်း #နဂါးပွက်တောင် #ဘုရား #ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10