ဆိပ်ဖြူဘာမထီတပ်မှာ မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်

ဆိပ်ဖြူဘာမထီတပ်မှာ မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်းတပ်ခွဲ ၁ ဆိပ်ဖြူဘာမထီတပ်ဖွဲ့က အပတ်စဉ် ၁၄ သင်တန်းဆင်းပွဲကို မတ်လ ၁၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

မွမ်းမံသင်တန်းကို ဖေဖော်ဝါရီလ ၁၅ ရက်မှ မတ်လ ၁၄ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်သလို ထူးချွန်ရဲဘော်တွေကို ဆုချီးမြင့်တာနဲ့ သင်တန်းသားရဲဘော်တွေကို ကြိုဆိုတဲ့အနေနဲ့ ဒီသင်တန်းဆင်းပွဲကို ပြုလုပ်ရတာလို့ ဆိုပါတယ်။

"သင်တန်းက မွမ်းမံရက်တို သင်တန်းပါ။ ယောက်ကျားလေး ၂၀ ယောက်ကို သီးသန့် သင်တန်းပေးခဲ့တာပါ" လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ ရဲဘော် မိုက်ကယ်က ပြောပါတယ်။

ဒီသင်တန်းဆင်းပွဲမှာ ရဲဘော်တွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို ကိုင်ဆောင်ပြီး သစ္စာဆို ကတိပြုကာ ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း ဒုတပ်ရင်းမှူးဆရာကိုပိုင်နဲ့ တပ်ရေးဗိုလ် ကြီး ဆရာကျားပေါက်တို့ကလည်း အမှာစကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ဆိပ်ဖြူဘာမထီ #သင်တန်းဆင်းပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10