ဆိပ်ဖြူမှာ ခြေလျင်လာတဲ့စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရ

ဆိပ်ဖြူမှာ ခြေလျင်လာတဲ့စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ - ဆောလမ်းမပေါ်မှာရှိတဲ့ ဖလံမကျေးရွာကို ခြေလျင်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

ဇန်နဝါရီလ ၂၉ ရက်မနေ့ကမနက် ၁၁ နာရီလောက်မှာ ဆိပ်ဖြူမြို့နယ်၊ ကံဇွန်မကျေးရွာကနေ ဖလံမရွာထဲကို ဝင်လာတဲ့စစ်သားတွေကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ သုံးပွင့်ဗိုလ်ကြီးတဦးနဲ့ တပ်ကြပ်ကြီးတဦး ထိခိုက်သေဆုံးသွားတယ်လို့ ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ရင်းမှူး ကိုပိုင်က မြေလတ်အသံကို ပြောပါတယ်။ 

“သူတို့ဘက်က လက်နက်တွေနဲ့ အရင်စပစ်တာ၊ သူတို့ဘက်က ပစ်တော့ ကျနော်တို့တွေက မလှုပ်ရှားပဲ ဝပ်နေကြတယ်။ ကျနော်တို့ မိုင်းတွင်းနားရောက်တော့မှ သူတို့ကို မိုင်းဆွဲလိုက်တာ။ မိုင်းဆွဲလိုက်ပြီး ခဏနေကြာတော့ ရဟတ်ယာဉ်လာဝဲတာ၊ ကားတစီးကလာပြီး သူတို့အလောင်းတွေကို လာကောက်သွားတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှု အတိအကျကို တပ်တွင်းသတင်းပေးတွေရဲ့ ပြောဆိုချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

အဲ့ဒီစစ်သားတွေဟာ ဆိပ်ဖြူနယ် အခြေစိုက် ကပစ ၂၁ ကဖြစ်ပြီး၊ လက်ရှိလည်း အဲ့ဒီတပ်တွင်းမှာ အင်အားဖြည့်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ဆိပ်ဖြူ ဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော် ၈ ဦး ကျဆုံးခဲ့ပါသေးတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10