ဆိုင်ကယ်နဲ့လာတဲ့ စစ်သားနဲ့ပျူကို ချုံခိုတိုက်လို့ ၂ ဦးလုံးသေပြီး လက်နက်ခဲယမ်းတွေလည်းရ

ဆိုင်ကယ်နဲ့လာတဲ့ စစ်သားနဲ့ပျူကို ချုံခိုတိုက်လို့ ၂ ဦးလုံးသေပြီး လက်နက်ခဲယမ်းတွေလည်းရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ  စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ပျူစောထီး ၁ ဦးကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၂ ဦးလုံးသေပြီး လက်နက်ခဲယမ်းတွေလည်း ရရှိတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်ဒီကနေ့မနက် ၇ နာရီလောက်မှာ တည်သီးတောရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ပျူစောထီး ၁ ဦးဟာ စခန်းချရာရွာနဲ့ ၁ မိုင်ခန့်ဝေးတဲ့  ညောင်ကိုင်းရွာကနေ ဆိုင်ကယ်စီးပြန်လာချိန် ကာကွယ်ရေးအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

" ပျူရွာတရွာက တရွာကိုပြန်လာချိန်မှာ ကင်းပုန်းဝပ် တိုက်ခဲ့တာပါ" လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတို့ နေရာမှာတင်သေဆုံးကာ ၎င်းတို့ထံက MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ အီနာဂါဗုံးသီး ၄ လုံး၊ ၅.၅၆ မမ ကျည်အများအပြား၊ မိုဘိုင်းဖုန်း ၁ လုံး တို့ကိုသိမ်းဆည်းရရှိပြီး ကာကွယ်ရေးရဲဘော်အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ တိုက်နယ် ၃ ပကဖ၊ ကြီးလေးကြီး ပကဖအဖွဲ့၊ ဓားညီနောင်ပကဖအဖွဲ့၊ တိုက်နယ် ၂ ပကဖ ဗိုလ်ကျားရိုင်းအဖွဲ့၊ တိုက်နယ် ၅ ပကဖ ငါးမည်ရအဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး မြင်းချင်းပျူစောထီးရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ပျူတွေကိုဒရုန်းများနဲ့ ၆၀ မမဗုံးသီးများချကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ကာကွယ်ရေးရဲဘော်များနဲ့ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများကို တွေ့ရစဥ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #သေဆုံး #လက်နက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10