ဆိုင်ကယ်ဖမ်းပြီးပြန်လာတဲ့ရဲကား ၂ စီး အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခံရ

ဆိုင်ကယ်ဖမ်းပြီးပြန်လာတဲ့ရဲကား ၂ စီး အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ဒီဇင်ဘာလ ၂၇ ရက်ဒီနေ့မနက်က ဆိုင်ကယ်ဖမ်းပြီးပြန်လာတဲ့ ရဲကားနှစ်စီးကို အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဖိုးခေါင်လမ်းမ စိန်သဇင်စက်သုံးဆီအရောင်းဆိုင်အနီးမှာ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ရဲကား ၂ စီးလာတာကို ဒုတိယကားကိုထိတာ။ ကားကတော့မိုင်းစတွေထိမှန်သွားတယ်။ အဲဒီကားနောက်ထဲမှာက ရဲ ၄ ယောက်ပါတယ်။ သူတို့အနည်းအကျဥ်းတော့ ထိခိုက်သွားတယ်။ အများကြီးပြင်းပြင်းထန်ထန်ကြီးတော့ မဖြစ်နိုင်ပါဘူး။ မိုင်းက ၁ လုံးတည်းပဲခွဲလိုက်တာဆိုတော့ ထိခိုက်မှုအားနည်းသွားတာ" လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ခံကပြောပါတယ်။

သာယာဝတီနယ်က စစ်ကောင်စီလက်အောက်ခံရဲတွေဟာ မြို့နယ်အတွင်းက ဆိုင်ကယ်စီးပြည်သူတွေကို ခေါင်းစဥ်အမျိုမျိုးတပ်ကာ ခြိမ်းခြောက်ဖမ်းဆီး၊ ငွေညှစ်နေတာကြောင့် ခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုကိုအသေးစိတ်မသိရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သာယာဝတီမြို့မှာ ဒီဇင်ဘာလလယ်လောက်ကစပြီး ဆိုင်ကယ်စီးပြည်သူတွေကိုနည်းမျိုးစုံနဲ့ ဖမ်းဆီးနေသလို ဘဲလ်တပ်မထားတဲ့စက်ဘီးတွေကိုလည်း ကျေးရွာတွေအထိ လိုက်လံဖမ်းဆီးခဲ့တာတွေ ပြုလုပ်ခဲ့နေခဲ့တာလို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10