ဆော-ဆိပ်ဖြူလမ်းပိုင်း မြေပြိုကျမှု PDF တွေ ပြုပြင်ပေး၊ ထပ်မံကျနိုင်လို့ စုံစမ်းပြီးမှသွားရန် အသိပေး

ဆော-ဆိပ်ဖြူလမ်းပိုင်း မြေပြိုကျမှု PDF တွေ ပြုပြင်ပေး၊ ထပ်မံကျနိုင်လို့ စုံစမ်းပြီးမှသွားရန် အသိပေး

မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မြေပြိုကျမှုဖြစ်ပွားနေလို့ ခရီးသွားပြည်သူတွေအနေနဲ့  ဆက်သွယ်စုံစမ်းသွားလာကြဖို့ Laung She Regional  People Defence Force က သတင်းထုတ်ပြန်ထားပါတယ်။ 

ဆောမြို့နယ်၊ ဆော-ဆိပ်ဖြူလမ်းပိုင်းရှိ နဂါးပွတ်နဲ့ ၄၄ မိုင်ကြား အောက်တိုဘာ ၂၃ ရက် မနက်မှာ မြေပြိုကျလို့ ရှင်းလင်းအပြီး ညပိုင်းမှာ ထပ်မံမြေပြိုကျလို့ ဂန့်ဂေါခရိုင်အမှတ် ၆ တပ်ရင်းနဲ့ ပြည်သူတွေက လမ်းဖွင့်ရှင်းလင်းခဲ့ပြီး  အောက်တိုဘာ ၂၄ ရက် ဒီနေ့ညနေမှာ လမ်းရှင်းသွားပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီလမ်းပိုင်းရှင်းလင်းမှုကို အောက်တိုဘာ ၂၃ ရက် မနက်နဲ့ အောက်တိုဘာ ၂၄ ရက်ဒီနေ့မှာ  ရှင်းလင်းခဲ့ရတာ လို့သိရပါတယ်။

“မိုးရွာသွန်းမှုများပြီး မြေပြိုကျနေလို့ ခရီးသွားတွေ လမ်းပိတ်နေလို့ ပြည်သူ့အကျိူးပြုအနေနဲ့ လမ်းရှင်းပေးတာပါ။ ပြည်သူတွေလည်း လူအား၊ ငွေအား ပါဝင်ပါတယ်" လို့ ဂန့်ဂေါခရိုင်အမှတ် ၆ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

မိုးကလည်း ဆက်လက်ရွာသွန်းနေတာကြောင့် ထပ်မံပြိုကျနိုင်တဲ့အတွက် ကုန်တင်ယာဉ်တွေနဲ့ ခရီးသွား ပြည်သူတွေအနေနဲ့ စုံစမ်းမေးမြန်းပြီးမှ သွားလာစေချင်တယ်လို့ သူက ဆက်ပြောပါတယ်။  

လက်ရှိမှာလည်း မြေပြိုကျမှု မဖြစ်အောင် စက်ယန္တယားတွေနဲ့ ရှင်းလင်းနေဆဲဖြစ်ပြီး ထပ်မံရှင်းလင်းမှုတွေလုပ်ဆောင်ဖို့ ကျန်သေးတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီလမ်းပိုင်းမှာ အခုနှစ် ဇွန်လနဲ့ ဩဂုတ်လကလည်း မိုးရွာသွန်းမှုများပြီး လမ်းပိုင်းတွေ ပြိုကျမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - ဆော ဆိပ်ဖြူလမ်းပိုင်း မြေပြိုကျမှုကို ရှင်းလင်းနေမှုမြင်ကွင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဆောမြို့နယ် #ဆောဆိပ်ဖြူလမ်းပိုင်း #ဆိပ်ဖြူ #မြေပြိုကျ #ခရီးသွားပြည်သူ #လမ်းပြင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10